• IMG_20230726_084440
  • IMG_20230726_084450
  • IMG_20230726_084526
  • IMG_20230726_084530
1

Books /လွန်းထားထား

ပိုအေးချမ်းတဲ့ကိုယ် (လွန်းထားထား) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဘဝမှာ..ပူပန်သောကတွေများလာတဲ့အခါ..အေးချမ်းတဲ့ဘဝလေးတစ်ခုကို လိုချင်တောင့်တမိတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ကိုယ်အေးချမ်းဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို အေးချမ်းစွာထားတတ်ဖို့ အရေးကြီးပါတယ်..။ ဒါဟာ အေးချမ်းစွာရှင်သန်နိုင်ဖို့ ဘဝနေနည်းလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်အေးချမ်းနေဖို့အတွက်..ကိုယ့်ရဲ့အတွေးတွေကိုလည်း အေးချမ်းနေအောင် ကြိုးစားပြင်ဆင်ယူရမှာဖြစ်ပါတယ်။

ပူလောင်မှုတွေကြားမှာ..အေးချမ်းစွာ ရှင်သန်တတ်လာတဲ့အခါ..ကိုယ်အေးချမ်းသလို သူများတွေလည်း အေးချမ်းပါစေဆိုတဲ့ စေတနာနဲ့ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေဆီကိုလည်း ကိုယ့်ရဲ့အေးချမ်းမှုလေးတွေ  ကူးစက်မျှဝေပေးနိုင်လာပါတယ်။

ကိုယ်အေးချမ်းအောင်နေဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို ပူလောင်တဲ့နေရာကနေအေးချမ်းတဲ့နေရာဆီ နေရာတကျထားပေးနိုင်ဖို့ပဲ လိုပါတယ်..။ ကိုယ့်ရဲ့စိတ်ဟာ..မီးအပူနားမှာအပူဟပ်ပြီး ပူလောင်နေပြီဆိုရင်အေးမြသန့်စင်တဲ့ ရေတံခွန်နားမှာ နေရာချပေးနိုင်ရင်အေးမြငြိမ်းချမ်းလာမှာပဲဖြစ်ပါတယ်..။

ပူလောင်တဲ့အတွေးတွေလောဘ..ဒေါသ..မာနအစရှိတဲ့ မီးတောက်မီးလျှံတွေအနားကနေကိုယ့်ရဲ့စိတ်ကလေးကို..အေးချမ်းတဲ့အတွေးအာရုံလေးတွေ..အကောင်းမြင်တဲ့အတွေးလေးတွေ..လောဘ..ဒေါသ..မာနတွေ တတ်နိုင်သမျှကင်းတဲ့ ရေတံခွန်လို အေးချမ်းတဲ့နေရာကလေးမှာ..နေသားတကျ နေရာချပေးနိုင်ရင်အေးချမ်းမှုတွေ ကူးစက်လာမှာ သေချာပါတယ်။

ပထမဆုံး ကိုယ်အေးချမ်းလာတဲ့အခါ..ကိုယ့်အနီးနားက မိသားစုမိတ်ဆွေသူငယ်ချင်းတွေနဲ့..လုပ်ဖော်ကိုင်ဖက်တွေဆီ ကိုယ့်ရဲ့အေးချမ်းတဲ့အပြုံးလေးတွေ..အေးချမ်းတဲ့အပြုအမူလေးတွေ..မျှဝေကူးစက်ပေးနိုင်လာပါလိမ့်မယ်။ ပူလောင်မှုတွေကင်းပြီး..အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပါလိမ့်မယ်။

ဒီနေ့အေးချမ်းစွာ စိတ်ထားတတ်လာတဲ့အခါ..မနက်ဖြန်မှာ ပိုအေးချမ်းတဲ့ကိုယ်..ဖြစ်လာပါလိမ့်မယ်..။

တစ်နေ့တစ်နေ့ ကိုယ်ပိုအေးချမ်းလာဖို့အတွက်..တွေးသင့်တဲ့အတွေးလေးတွေ..ထားသင့်တဲ့ စိတ်ထားနည်းလေးတွေ..ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားတန်ဖိုးထားတတ်ဖို့ နည်းလမ်းလေးတွေစသဖြင့်..မျှဝေပေးထားတဲ့ စာအုပ်ကလေးကို ပိုအေးချမ်းတဲ့ ကိုယ်.. လို့ နာမည်ပေးထားပါတယ်။ 

စာအုပ်ကလေးကို တစ်ထိုင်တည်း ဖတ်လိုက်ဖို့မလိုပါဘူး..။ တစ်နေ့တစ်ပုဒ်စီလောက်ဖတ်ကြည့်ပြီး..တွေးတောဆင်ခြင်ကြည့်စေချင်ပါတယ်..။ ကိုယ့်မှာပြင်ဆင်စရာလေးတွေရှိရင် ပြင်ဆင်နိုင်ဖို့ ချစ်ခင်စွာ တိုက်တွန်းအကြံပြုချင်ပါတယ်။

ကိုယ့်ရဲ့စိတ်ထဲမှာ..သောကတစ်ခုခုကြောင့် ပူလောင်လာပြီလို့ ခံစားရတဲ့အခါ..ဒီစာအုပ်လေးထဲက စာကြောင်းလေးတစ်ကြောင်းကြောင်းက..ကိုယ့်ရဲ့စိတ်ကို အေးချမ်းကြည်လင်သွားအောင်..ရေတံခွန်လေးအနားဆီ ခေါ်ဆောင်သွားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

 ပိုအေးချမ်းတဲ့ကိုယ်..စာအုပ်ကလေးဆီကနေ..အေးချမ်းသောဓါတ်..စိတ်အကြည်ဓါတ်ကလေးတွေ ကူးစက်ပြီး အေးချမ်းပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။