• 369637738_316348747730040_7233964241360367891_n
  • IMG_20230827_192507
1

Books /ဖေမြင့်

ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း (ဖေမြင့်) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဤစာအုပ်တွင် စုစုပေါင်း စာ(၇)ပုဒ် ပါဝင်သည်။ ယင်းအနက် အဓိက စာပုဒ်မှာ စာအုပ်အမည်အဖြစ် ဖော်ပြထားသည့် “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” ဖြစ်ပါသည်။ စာဖတ်ခြင်းကြောင့် အသိပညာ ဉာဏ်အမြော် အမြင်ပြည့်ဝကာ ဘဝတိုးတက်မှု ရရှိနိုင်ကြောင်းနှင့် ဉာဏ်အမြော်အမြင် (wisdom) သည် စာဖတ်ခြင်းမှ ရရှိနိုင်သည့် အမြင့်မားဆုံးဆုလာဘ်ဖြစ် ကြောင်း တင်ပြခြင်းဖြစ်သည်။

စာဖတ်သည့်အခါ သတိပြုရန်အချက်တစ်ရပ်ကို ဒုတိယစာပုဒ်တွင် ဖော်ပြထားပါသည်။ ယင်းက၊ စာအုပ်စာပေများထဲတွင် အသိပညာတွေချည်း မဟုတ်၊ အဆိပ်အတောက်တွေလည်း ပါဝင်နေနိုင်ရာ စာဖတ်သည့်အခါ စိစစ်ဝေဖန်သောစိတ်ဖြင့် ဖတ်ရန်လိုအပ်ကြောင်း ဖြစ်သည်။ ထိုအချက်ကို “စာဟူသည် ကဝိတို့၏ပစ္စည်း၊ ကဝေတို့၏မာယာ” ခေါင်းစဉ်အောက်၌ အကျယ်ရေးသားတင်ပြထားပါသည်။

စာရေးသူအနေဖြင့် ရှေ့ကရှိခဲ့သော စာဖတ်သမားကြီးများအကြောင်း ကို အမြဲစိတ်ဝင်စားခဲ့သည် ဖြစ်ရာ၊ ၎င်းတို့စာဖတ်ပုံနှင့် စာအုပ်စာပေကို တန်ဖိုးထားပုံအကြောင်းများကို တတ်နိုင်သမျှ ပြည့်စုံစွာ ဖော်ပြလိုသော ဆန္ဒရှိပါသည်။ သို့သော် စာအုပ်ထဲတွင် အကြောင်းအရာအချက်အလက်တွေ ထူထပ်နေနိုင်သဖြင့် ပုဂ္ဂိုလ်အတော်များများအကြောင်းကို ပထမစာပုဒ်ထဲတွင် တချို့ကို အကျဉ်း၊ တချို့ကို အကျယ်ထည့်သွင်းခဲ့ပြီး၊ ပို၍ ပြည့်ပြည့်စုံစုံ ရေးလိုသည့် ပုဂ္ဂိုလ်သုံးဦးအကြောင်းကို သီးခြားစာပုဒ်များအဖြစ် ဖော်ပြပေ ထားပါသည်။ ၎င်းတို့မှာ စာအုပ်ထဲက ရရှိလာသည့် မိမိတန်ဖိုးထားသော အယူအဆကို လက်တွေ့ဘဝတွင် အပြည့်ဝဆုံး ကျင့်သုံးသူ မဟတ္တမဂန္ဒီ၊ စာအများအပြားဖတ်၍ စာဖတ်ခြင်းနှင့် စပ်လျဉ်းသည့် သီးခြားကိုယ်ပိုင် အယူအဆကို ယုံကြည်စိတ် ပြည့်၀စွာ ပြောကြားသူ ရုဇဗဲ့၊ မိမိဖတ်သည့် စာအုပ်ကောင်းများကို အများသိအောင် လက်ဆင့်ကမ်းလမ်းညွန်တတ်သူ သူကြွယ်စာဖတ်သမား ဘီလ်ဂိတ်(စ)တို့ ဖြစ်ပါသည်။

ဤစာအုပ်တွင် စာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာကြမည့် စာဖတ်သမားလူငယ်များအတွက် ရည်ရွယ်ကာ စာအုပ်အတော်များများ အကြောင်းတစ်စွန်းတစ်စစီ ထည့်သွင်း ပြောဆိုပေးထားပါသည်။ . ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ခေါင်းစဉ်အောက်၌ အေဗရာဟမ်လင်ကွန်း။ နပိုလီယန် စသော ပုဂ္ဂိုလ်ကြီးများ ဖတ်ရှုသည့် စာအုပ်များပါသလို၊ ဂန္ထဝင် သင်တန်းတက်သူတို့ ဖတ်ကြသည့် စာအုပ်အမည်များလည်း ပါပါသည်။ ဘီလ်ဂိတ်(စ)ညွန်းသော စာအုပ်များထဲမှ အတော်အတန် ရွေးနှုတ်ဖော်ပြ ထားရာ၊ နိုင်ငံတကာအဆင့်၌ လှုပ်ရှားဆောင်ရွက်နေသည့် စီးပွားရေး၊ နိုင်ငံ ရေး၊ လူမှုရေးနယ်ပယ်တို့မှ ပုဂ္ဂိုလ်များ ခေတ်အတွေးအမြင်၊ ခေတ်အရေး အရာများနှင့် မပြတ်ထိတွေ့မှု ရှိနေရန် ရည်ရွယ်ဖတ်ရှုကြသည့် စာအုပ်များ အကြောင်း အသိပေးလို၍ ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ကမ္ဘာကို လွှမ်းမိုးခဲ့သောစာအုပ်များ ခေါင်းစဉ် အောက်တွင်မူ ပုံပြင်၊ ဝတ္ထု၊ ပြဇာတ် စသည့် ရသစာပေဆိုင်ရာ စာအုပ်(၅၀) နှင့် အတ္ထုပ္ပတ္တိ၊ သမိုင်း၊ သိပ္ပံ၊ ဒဿနနှင့် အခြားပညာရပ်ဆိုင်ရာ စာအုပ်(၆၀) တို့ကို အညွှန်းတိုများနှင့် ဖော်ပြပေးထားပါသည်။


စာမျက်နှာ ၂၆၉

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။