Books /နိုင်းနိုင်းစနေ
ထွက်ခွာသွားခြင်းအတွက်ကျေးဇူးပါ(နိုင်းနိုင်းစနေ) Burmese Book
- Regular price
- RM 35.00
- Sale price
- RM 35.00
- Regular price
-
RM 0.00
Share
ထွက်ခွာသွားခြင်းအတွက် ကျေးဇူးပါက ဘယ်လို စာအုပ်မျိုးလဲ။
စာပုဒ်အတို ၁၀၀ ကျော်လောက်ပါတဲ့ စိတ်ခံစားချက်၊ အချစ်၊ သံယောဇဉ်တွေ ရေးထားတဲ့ စာအုပ်လေးပါ။
ဘာတွေ အများဆုံး ပါလဲ။
စိတ်ခံစားချက် အတွေးအမြင်တွေ အများဆုံးပါတယ် ပြောရမှာပါ။ ကျွန်မတို့ သိနေပေမယ့် မတွေးမိတာတွေ၊ လုပ်နေပေမယ့် သတိမထားမိတာတွေ.. အဲတာတွေကို ရေးထားတော့ ဖတ်နေရင်း ဪ.. ဒီလိုဆိုလည်း ဟုတ်သားပဲ၊ ဟုတ်ပါရဲ့ ဆိုတာမျိုး ဖြစ်မိပါတယ်။
ဒီစာအုပ်ဖတ်ရင် ဘာအကျိုး အမြတ်ရမလဲ။
ဖတ်တဲ့သူအပေါ် မူတည်တယ်လို့ ပြောလို့ရတယ်။ စာကို အကျိုးအမြတ်ရဖို့ ဖတ်တဲ့လူရှိသလို စာဖတ်ဝါသနာပါလို့ ဖတ်ချင်လိုကို ဖတ်တဲ့လူရှိတယ်။ အစားစားသလိုပေါ့... အာဟာရဖြစ်တာတွေပဲ စားတယ်ဆိုပေမယ့် တစ်ခါတလေမှာ junk food တွေလည်း စားဖြစ်တာပဲ။ စားချင်လို့ကို စားတာ၊ စားကောင်းလို့ကို စားတာ၊ စားနေချိန် အရသာကို ကြိုက်လို့ စားတာ။ အဲလိုပဲ စာဖတ်တဲ့အခါ ဖတ်နေတဲ့အရသာ၊ စာထဲ ခံစားရတဲ့ အရသာ၊ ဖီးလ်ရတဲ့ အရသာကို ကြိုက်လို့ ဖတ်တယ်။ တစ်ခုခု ပြန်ရရမယ်ဆိုတဲ့စိတ်နဲ့ ဖတ်ရင် ဖတ်ရ ပင်ပန်းတယ်လို့တော့ ကျွန်မထင်တယ်။
စာအုပ်မျက်နှာဖုံးက အစ်မပုံလား။
အဖုံးဒီဇိုင်းကို ဒီဇိုင်းဆရာ ကိုပိုင်နိုင်အောင်က လုပ်ထားတာပါ။ ကျွန်မနဲ့ ခပ်ဆင်ဆင်တော့ တူတယ်။ ကျွန်မတော့ မဟုတ်ဘူး။ အဖုံးမှာ ကိုယ့်ဓာတ်ပုံဖော်ပြရလောက်အောင် ကျွန်မ မလှဘူးလေ
ကိုယ့်ဟာကိုယ်မေးပြီး ကိုယ့်ဟာကိုယ် ဖြေတာ၊ အောက်ဆုံးတစ်ခု ရယ်ချင်လိုက်တာ ..
အပျင်းပြေဖတ်ဖို့ ...
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page