• IMG_20230515_225742
  • IMG_20230515_225754
1

Books /ဂျုး

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် (ဂျုး) Burmese Books

Regular price
RM 32.00
Sale price
RM 32.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် (ဂျုး) Burmese Books


" ယောကျ်ားတွေကို တန်ဖိုးမထားတတ်တဲ့ နှင်းက
သူ့ကို ဘယ်လိုရွေးခဲ့သလဲ၊အချစ်နဲ့ ရွေးခဲ့တာလား"
" ဘယ်ဟုတ်မလဲ ကိုယ့်အိမ်ထောင်ရေးမှာ 
အချစ်ဟာ အောက်ဆုံးအဆင့်မှာ ရှိတယ် "
ယုမော် နဲ့ သက်နှင်းအိမ် ။ ဆရာမဂျူး ရေးခဲ့တဲ့ စာအုပ်တွေထဲက လူသိများတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့ ။ ဇာတ်ကောင် နှစ်ယောက်ရဲ့ အားပြိုင်မှုတွေက စာဖတ်တဲ့သူတွေကိုလည်း အားပြိုင်မှုတွေ ဖြစ်စေခဲ့တာ ။ သက်နှင်းအိမ် မှန်တယ်ထင်တဲ့ သူတွေနဲ့ 
ယုမော် ကို သနားမိကြသူတွေ ။
ဝတ္ထုကိုရော ရုပ်ရှင်ကိုရော အကြိမ်ကြိမ်ကြည့်ပြီး ဖတ်ပြီးတဲ့အထိ နားမလည်နိုင်ဆုံး စိတ်အပျက်
ရဆုံး ဇာတ်ကောင်ကတော့ သက်နှင်းအိမ် ပါပဲ ။
သက်နှင်းအိမ် ဟာ ယုမော်ကို အမျိုးမျိုး အရှက်သိက္ခာကျအောင် လုပ်ခဲ့တဲ့ သူ ။
ပထမဆုံး ယုမော်ကို ကြောင်တောင်နှိုက်တဲ့သူ အဖြစ် ရောက်အောင် လုပ်ခဲ့တာ ။ 
တခြား အမျိုးသားတစ်ယောက် နဲ့ လက်ထပ်ရတော့မဲ့သူက ယုမော် ကို မာယာတွေ သုံးပြီး ချဉ်းကပ်ခဲ့တာ ။ 
သူ့ အိမ်ထောင်ရေးမှာ အချစ်ဟာ အောက်ဆုံး 
အဆင့်မှာရှိတယ် ပြောပြီး  အချစ်ကြောင်း 
ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာကတော့ ရယ်စရာကောင်းနေရော ။ မောင့်ခြေဖဝါးက 
ဖုန်မှုန့်ကအစ နမ်းဝံ့သူဆိုပါလား ။
ယုမော်က ပညာတွေသင်ဖို့ နိုင်ငံခြားသွားမယ် လိုက်နိုင်မလား မေးတော့ ကျေကျေနပ်နပ်ကြီး လက်ခံ 
ခဲ့တဲ့သူကလည်း သူပဲ ။ တကယ်သွားရတော့မှ 
မလိုက်ဘူးပြောတာလည်း သူပဲ ။
ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး ပြောပြီး ပတ်ဝန်းကျင် ရဲ့ ယုမော်ကို အသုံးမကျဘူး  မိန်းမ ထဘီနား ခိုစားတဲ့ကောင် လို့ ပြောစကားတွေကို မသိစိတ်က မှတ်ပြီး ထင်ခဲ့တာလည်း သူပဲ ။
သူ့ ဇနီးကို တင့်တင့်တယ်တယ် ဖြစ်မှ လက်ထပ်
ယူမယ် လို့ ပြောတာကို လက်မခံ ဘဲ ဇွတ် လက်ထပ်ချင်နေလွန်းတဲ့ သက်နှင်းအိမ် ဆိုတဲ့ ဒေါက်တာ 
တစ်ယောက် ။
သူထင်ရာ ဇွတ်လုပ်နေတဲ့ သက်နှင်းအိမ် ကို မြင်ရတာ ရယ်ချင်စရာ ကောင်းသလို ၊ ဒေါသဖြစ်ချင်စရာပဲ ။
ယုမော် ကို သေမတတ် ချစ်နေတာလည်း သူပဲ
ရူးမတတ် လက်ထပ်ချင်နေခဲ့တာလည်း သူပဲ
နောက်ဆုံး ခါးခါးသည်းသည်း မုန်းတယ်တဲ့လေ ။
သူ့ ရဲ့ စိတ်အပြောင်းအလဲ မြန်မှုအောက်မှာ 
ကိုအောင် လည်း အရှက်ရခဲ့ရတယ် ၊ ယုမော်လည်း သိက္ခာကျခဲ့ရတယ် ။
ယုမော် ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တယ် ။
လူများ ရဲ့ ကြာခိုတဲ့လူ ၊ ချူစားမဲ့ လူ လို့ ပြောစကားတွေ ကြားမှာ သက်နှင်းအိမ် ကို ချစ်စိတ် နဲ့ မခွဲနိုင်လို့ လက်ထပ်ပေးခဲ့ရတယ် ။
သူ့ကို အထင်သေးတဲ့ အသိုင်းအဝိုင်းကနေ စွန့်ခွါပြီး သူ့ဘဝ မြင့်မားတဲ့အထိ ပညာနဲ့ ကြိုးစားမယ်လို့ ရည်မှန်းထားတဲ့ ယုမော် ။ ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်တဲ့ ယုမော် ။ ယုမော်ကို ဒေါသထွက်မိတာကတော့ သက်နှင်းအိမ် နဲ့ လက်ထပ်ပြီး သူ့အမေ ကို အသိမပေးခဲ့တာပါပဲ ။
ဒါပေမဲ့ သူ့သားတစ်ယောက် သူများရည်းစား ခိုးတဲ့ လူလို့ အစွပ်စွဲခံရပြီး အရှက်ခွဲခံရတဲ့ သားတစ်ယောက် ရဲ့ အမေ အနေနဲ့ သက်နှင်းအိမ် ကို သဘော မတူတာ ဖြစ်သင့်ပါတယ် ။ လူအားလုံး သိက္ခာကျအောင် သိက္ခာမရှိတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာ 
သက်နှင်းအိမ် လေ ။
မောင်နဲ့ နီးစပ်ဖို့ ကိုယ့်ဘက်က ခြေလှမ်း လှမ်းခဲ့ပေမယ့် မောင့်ဘက်က ဘယ်နှလှမ်း လှမ်းခဲ့ဖူးလို့လဲ လို့ မေးတဲ့ သက်နှင်းအိမ် ကယုမော် လှမ်းလာခဲ့တဲ့ ခြေလှမ်းတွေကို မေ့လျော့နေခဲ့တယ် ထင်ပါရဲ့ ။
သက်နှင်းအိမ် နဲ့ ပေါင်းဆုံဖို့ ယုမော် ဟာ 
မော်လမြိုင်အထိ လှမ်းလာခဲ့တယ် ။ နီးစပ်ဖို့အတွက် ယုမော်ရဲ့ အကြီးမားဆုံး အလှမ်းခဲ့ဆုံး ခြေလှမ်းကတော့ အများတကာ ရဲ့ ကြာခိုကောင်လို့ အပြောခံ ခဲ့ပြီး သက်နှင်းအိမ်ကို လက်ထပ်ခဲ့တာပါပဲ ။
စာအုပ်ထဲက ဇာတ်ကောင်တွေကိုကတော့ စာဖတ်သူတွေက အမျိုးမျိုး ထင်ကြ သူတို့သဘောကျရာ ခံစားရာ ဇာတ်ကောင်ဘက်က ရပ်တည်ကြမှာပဲ ။
သူကမှ အမှန် ၊ ငါကမှ အမှန်တော့ လုပ်လို့မရဘူး။ သူ့အတွေးနဲ့ သူ ၊ သူ့ခံစားချက် နဲ့ သူကိုး ။
သက်နှင်းအိမ် ရဲ့ မိန်းမ မာန ကို သဘောကျမဲ့သူတွေ ရှိနိုင်သလို ၊ ယုမော် ရဲ့ ယောကျ်ား သိက္ခာ နဲ့ 
ပညာမက်မောမှုတွေကို သဘောကျမဲ့သူတွေ ရှိမှာပဲ။
ဒီ ဝန်ခံချက်ကို ဖတ်ပြီးရင်တော့ အိမ်ထောင်
တစ်ခုကို အချစ်တွေနဲ့ပဲ ထူထောင်လို့မရဘူးဆိုတာရယ် ၊ နားလည်မှု ထားကြပြီး မာနတွေ 
လျှော့ရမယ် ဆိုတာ မြင်လာမိမယ် ထင်ပါရဲ့ ။
မာန တွေ ၊ သဘောထားမတိုက်ဆိုင်မှု ၊ 
နားမလည်မှုတွေကြောင့် ကွဲကွားသွားကြရတဲ့ အိမ်ထောင် တစ်ခု အကြောင်းပေါ့ ။
သက်နှင်းအိမ် ရဲ့ ခံစားချက်ဘက်ကနေ ရေးထားလို့ သူ့ရဲ့ စကားလုံးတွေရဲ့ နောက်မှာ တခါတခါ 
မျောသွားပေမဲ့ ယုမော်ကို စာနာမိတာတော့
အမှန်ပါပဲ ။
Feb 11  , 2023

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။