• f69869a13ac29974809e7d7954335803
  • 50090be24a30c257e8478b07c88b7489
  • 108e1f82f1883267c472daefe9a3ae49
1

လက်ညှိုးထိုး၍ပန်းဝေသည် (သိုးဆောင်း) Burmese Book

Regular price
RM 28.00
Sale price
RM 28.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ယောက်ျားရင့်မာကြီး တစ်ယောက်ကိုမျက်ရည်ကျစေခဲ့တဲ့ စာအုပ်လေးကတော့ "လက်ညှိုးထိုး၍ ပန်းဝေသည်" အမည်ရှိ စာအုပ်လေးပဲ ဖြစ်ပါတယ်.........

"ငါချစ်ရင် မိုးကို လှေကားထောင်ပေးမယ်..ပင်လယ်ကို တံတားခင်းပေးမယ်.. ငါမုန်းရင်တော့ ငရဲကိုတောင်

ပြာကျအောင် မီးရှို့ပစ်မယ်..."

သီချင်းလေး တစ်ပုဒ်ပါ။

ဘွဲ့ထူး ဂုဏ်ထူးတွေ တပ်မထားပါဘူး။

စကားလုံး အချွန်အတက်တွေနဲ့လည်း နှလုံးသားကို

ထိုးစိုက်မထားပါဘူး။

ရည်ရွယ်ချက်တစ်ခုတည်းပါ။

နားထောင်ဖူးရင်သိလိမ့်မယ်။

ချစ်သူလက်ညှိုးထိုးတိုင်း ပန်းတွေဝေပေးချင်တယ်။

အဲဒီအစွမ်းကိုလဲ ကျွန်တော်ရချင်တယ်။

တစ်ကယ်........။

"ဘာပဲဖြစ်ဖြစ်ပေါ့ကွယ် ချစ်သူလက်သာထိကိုင်ထားရရင် အသက်မရှုပေမဲ့လဲ အသက်ရှိနိုင်ပါသေးတယ်"

... သိုးဆောင်း ( လက်ညှိုးထိုး၍ ပန်းဝေသည်) ...

ယိုးမယ်ရယ်...

ချစ်လိုက်တာ...ကိုယ့်ကို အဲလောက်တောင် ချစ်သတဲ့လား။

ကျွန်တော်နဲ့ နီးရဖို့၊ ကျွန်တော်တို့နှစ်ဦး အတူလွတ်မြောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် မငဲ့ဘဲ မီးတောကို ဖြတ်နင်းခဲ့ပါသတဲ့...။ အရင်က မြေသားမာမာပင် မနင်းခဲ့ဖူးသော ယိုးမယ်ခြေဖဝါးနုနုမှာ မီးလျှံများကို တစ်လှမ်းချင်း နင်းလျှောက်ခဲ့ပါသတဲ့။ လေးစားဖို့ကောင်းလိုက်တာ...။

ပူလောင်မှု ဒဏ်ရာတွေနဲ့ သတိရလာတော့ ကျွန်တော့်လက်ကိုကိုင်ပြီး တခုတ်တရမေးပါသည်။

ကနောင်...ဘာဖြစ်သွားသေးလဲ တဲ့။

ကျွန်တော့်မှာ ကြည်နူးမှု၊ လှိုက်မောမှု၊ မချိတင်ကဲဖြစ်မှုတွေနဲ့ စကားပင် မဆိုနိုင်။ သွေးလျော့ဖြူလျော်သွားသော မျက်နှာနှင့် လက်ချောင်းသွယ်သွယ်လေးများကို ဖျစ်ညှစ်ဆုပ်ကိုင်ရင်း မျက်ရည်များပင် သွင်သွင်စီးကျလာရသည်။

ကိုယ်...ဘာမှမဖြစ်ပါဘူး ယိုးမယ်ရယ်၊ အရေပြားနဲ့အသားပေါ်က ဒဏ်ရာတွေထက် ယိုးမယ်လေးကိုကြည့်ပြီး နာကျင်ရတဲ့ ရင်ထဲက ဒဏ်ရာက ပိုနာရပါတယ်ကွယ်...

... သိုးဆောင်း ( လက်ညှိုးထိုး၍ပန်းဝေသည်)...

သိုးဆောင်း လို့ကြားလိုက်တာနဲ့ တော်တော်များများ ပြေးမြင်မိမှာက ( အကြင်သူသည် ) ပါ။ တစ်ကယ်လည်း ကောင်းတဲ့ စာအုပ်ပါ ၊ ဒါပေမယ့် ကျွန်တော်ပြောတာကိုယုံပါ ၊ အခု စာအုပ်က ( အကြင်သူသည် ) ထက်မသာရင်တောင် သူ့ထက်တော့ မလျော့ဘူးဆိုတာ အာမခံရဲပါတယ် ။

အမှန်တိုင်းပြောရရင် ဆရာသိုးဆောင်းရဲ့ (လက်ညှိုးထိုး ၍ ပန်းဝေသည် ) စာအုပ်ကို နာမည်လေးကြောင့် ဖတ်ဖြစ်ခဲ့တာ စိတ်ထဲမှာတော့ လေးလေးနက်နက် မရှိလှဘူး ၊ လူငယ် type စာအုပ်မျိုးလို့ပဲ ထင်ခဲ့တာ ၊ ဖတ်ပီးချိန်မှာတော့ အထင်နဲ့အမြင်က တလွဲပါပဲ ။

ဒီစာအုပ်ဖတ်ပီး နာရီပိုင်းလောက်ထိ ကျွန်တော် ဘာမှလုပ်မရခဲ့ဘူး ရင်ထဲမှာ မွန်းကျပ် နေမိတယ် ။ ကျွန်တော်တွေးနေမိတာက ဘာကြောင့်လဲပေါ့ ။ စာအုပ်ရဲ့ အဓိက ကျောရိုးက ' ယိုးမယ် နဲ့ ကနောင် ' ရဲ့ အချစ်အကြောင်းဆိုပေမယ့် အပေါစား အချစ်စာအုပ်တွေလို ချစ်ကြိုက်လွမ်းဆွေးမျိုး မဟုတ်ပါဘူး ။

ဒီစာအုပ်ဖတ်ရင်း ခင်ဗျားကိုယ်တိုင် မွန်းကျပ်လာမယ် ဝမ်းနည်းလာမယ် နှမြောမိလာမယ် ၊ ထိုင်ရာကမထဘဲ ဖတ်ချင်လာအောင် ဒီစာအုပ်က ဆွဲခေါ်သွားပါလိမ့်မယ် ။ ကျွန်တော့်စာက ဒီစာအုပ် ဘယ်လောက်ကောင်းကြောင်း ဖော်ပြနိုင်မှာ မဟုတ်ပါဘူး ဖတ်ကြည့်လိုက်ပါ ၊ ဆရာ သိုးဆောင်း ရဲ့ပရိသတ်တစ်ယောက်ဆို ဒီစာအုပ်က ခင်ဗျားအတွက်ပါပဲ........

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။