Books /သိုးဆောင်း
ဧဒင်မြို့ကအပြေးသမား(သိုးဆောင်း) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံးအချိန်ဟာ ဘယ်အချိန်မှန်း မသိသော်လည်း ကျွန်တော့်အဖို့တော့ သူမသည် ဘယ်အချိန်ကြည့်ကြည့် လှနေသည်သာ.....
မင်းတစ်ခါပြုံးရင် ကမ္ဘာတစ်လုံး ပျက်စီးမယ်ဆိုပါစို့
ကိုယ်ခြေချစရာ ကမ္ဘာမရှိရင်နေ
မင်းအပြုံးလေးကိုပဲ လှသထက်လှအောင်
ဆက်ပြုံးပါ။
ဟိုးလွန်ခဲ့တဲ့ ကာလတစ်ခုမှာ
သူ့နည်းသူ့ဟန်နဲ့ သမားရိုးကျမဆန်သော
ချစ်သူနှစ်ဦး ရှိခဲ့ဖူးပါသတဲ့...။
သူတို့ရဲ့ကြီးပြင်းရာမှာ
ခပ်ညံညံ အချစ်ဇာတ်လမ်းတွေထဲကအတိုင်း
သိပ်ကိုချမ်းသာတဲ့ မိဘတွေ ရှိကြပါသတဲ့...။
ထိုမိဘတွေကလည်း လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြန်သတဲ့...။
နောက်ပြီး ပေါတောတောဇာတ်ကွက်တွေအတိုင်းပဲ လူငယ်နှစ်ဦးရဲ့နောင်ရေးကို ရွှေလမ်းငွေလမ်းတွေ
ခင်းပေးထားသတဲ့...။
ကြည့်ပါဦး......ဘယ်လောက်များ သမားရိုးကျတွေ
ဆန်နေလိုက်သလဲ။
အဲ့လို အပေါစားဆန်မှုတွေဟာ စာလေးတစ်စောင်မှာ အဆုံးသတ်သွားတယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို
အပြစ်တင်ကြမလား...။
မဂ်လာပွဲကျင်းပဖို့ အဆင်သင့်ဖြစ်နေတာတောင်
ခိုးပြေးတဲ့ အရသာကို သိချင်ပါသည်ဆိုသော ၊
တကယ်လဲ ခိုးပြေးသွားခဲ့သော
စုံတွဲတစ်တွဲ..........
သမားရိုးကျတွေကို ခင်ဗျားတို့မကြိုက်ခဲ့ဘူးဆိုရင်ပေါ့........
သင်တို့ကိုရော....
ကောင်လေးတစ်ယောက်က
မြောင်းကျော်ခဲ့ရမလား...ဟု မေးလာလျှင်
သင်...ဘယ်လိုပြန်ဖြေမည်နည်း....?
ကောင်မလေးရေ...
နပိုလီယံကိုလည်း ငါ အရေးမစိုက်ဘူး
ဟစ်တလာကိုလည်း မကြောက်ဘူး
ဘုရင့်နောင်နဲ့ အလောင်းဘုရားကိုလည်း
ရင်မခုန်ဘူးကွာ...
မင်းသာ အနားမှာရှိရင်
အရာရာကို ရင်ဆိုင်ရဲတယ်။
ငါပစ်ခဲ့တာ မဟုတ်ပါဘူး။
သွေးစက်စက် ကျပြီးသား
မြားကိုမှ ဆုပ်ကိုင်မိသူပါ။
Boiler ကြီးက အပြစ်တင်တယ်...
ခင်ဗျားတို့ ရက်စက်လိုက်ကြတာ
ကျွန်တော့်တစ်ကိုယ်လုံး ပူနေတာပဲတဲ့။
တစ်ဆက်တည်း...
ဆောင်းရာသီနဲ့ နေရာဒေသကိုလည်း
တိုက်ခိုက်တယ်။
မင်းတို့ကတော့ အပူအပင်မရှိ နေနိုင်တာပေါ့။
ချမ်းပြလိုက်၊ နှင်းကျပြလိုက်နဲ့
ဒီလိုတောင်ပေါ်ဒေသမှာ
Boiler လာဖြစ်ရတာ နာလိုက်တာတဲ့။
အဲဒီမှာတင်...
ဆောင်းရာသီက
တစ်ခွန်းဝင်ပြောလိုက်တယ်။
" ကိုယ့်အလုပ် ကိုယ်သိဖို့ပဲ လိုပါတယ်ဗျာ" တဲ့
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page