Books /ကိုအောင်ကျော်(အီလက်ထရောနစ်)
အောပို မိုဘိုင်းဖုန်းဆားကစ်ပြုပြင်နည်း (ကိုအောင်ကျော်(အီလက်ထရောနစ်) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
အောပို မိုဘိုင်းဖုန်း ဆားကစ်ပြုပြင်နည်း"စာအုပ်တွင် မိုဘိုင်းဖုန်းများကို ပြု ပြင်ရာတွင် ပါဝင်သည့် အဆင့်(၁) ဆော့ဝဲအပိုင်းပြုပြင်နည်း၊ အဆင့်(၂) ဆားကစ်အပြင် ဘက်အပိုင်းပြုပြင်နည်းနှင့် အဆင့်(၃) ဖုန်းဟန်းစက်တွင်တပ်ဆင်ထားသည့် ဆားကစ်အ တွင်းပိုင်းအထိ ပြုပြင်နည်းဟူ၍ အဆင့်(၃)ဆင့်ဖြင့် ပြုပြင်ကြရပါသည်။
အခန်း(၁)တွင် စမတ်မုန်း(Smartphone)နှင့် မိုဘိုင်းဖုန်း(Mobile Phone)များ နှင့်ဆိုင်သည့် အကြောင်းအရာများ၊ အောပို ဖုန်းဟန်းစက်တွင် ပါဝင်သည့်အစိတ်အပိုင်း များ၊ ဆားကစ်တို့တွင်ပါဝင်သည့်အစိတ်အပိုင်းများနှင့်ဖုန်းဟန်းစက်ပြုပြင်ရာတွင် လိုအပ် သည့် လက်သုံးကိရိယာများတို့ကို အသေးစိတ်ရေးသားထားပါသည်။
အခန်း(၂)တွင် အောပို ဖုန်းဟန်းစက်တွင် တပ်ဆင်ထားသည့် ဆားကစ်များတွင် ဖြစ်ပေါ်တတ်သည့် TF Card၊ USB၊ နောက်ခံအလင်းရောင် မလင်းခြင်း၊ ခလုတ်(Key)များ၊ Touch Screen ၊ စပီကာ၊ ဖမ်းစက်(Receiver)၊ လွှင့်စက်အပိုင်း(Transmitter)၊ နားကြပ် အပိုင်း၊ Bluetooth ၊ Vibration ၊ ကင်မရာ ၊ WIFI တို့ချို့ယွင်းနေလျှင် စစ်ဆေးပြုပြင်နည်း များကို အသေးစိတ်ရေးသားထားပါသည်။
အခန်း(၃)တွင် အောပို ဖုန်းဟန်းစက်ဆားကစ်တွင်ပါဝင်သည့် အစိတ်အပိုင်းများ၊ ထိုအစိတ်အပိုင်းများ ဖြုတ်ယူခြင်း၊ တပ်ဆင်ခြင်းနှင့် ဖုန်းဟန်းစက်အား ပြုပြင်ပြီးလျှင် စစ်ဆေးနည်းတို့အကြောင်းကို အသေးစိတ် ရေးသားထားပါသည်။
ယခုစာအုပ်သည် ဖုန်းဟန်းစက်များ ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအ တွက် ဆားကစ်တစ်ခုချင်းစီရဲ့ အသေးစိတ်လုပ်ဆောင်ပုံနှင့် ချို့ယွင်းမှုအဆင့်များအလိုက် ပြုပြင်နည်းများ၊ မိုဘိုင်းဟန်းစက်ပြုပြင်နည်းပညာ လေ့လာလိုသူများအတွက် အထောက် အကူ ဖြစ်စေရန် ရည်ရွယ်ရေးသားထားပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page