• IMG20231125114122
  • IMG20231125114128
  • IMG_20231125_114236
  • IMG20231125114220
1

Books /လွန်းထားထား

ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ(လွန်းထားထား)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

“ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ…” 

သေသေချာချာစဉ်းစားကြည့်ရင်…ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်ဆိုင်ပါတယ်…။

ကိုယ်ကခွင့်မပြုဘဲ တခြားဘယ်သူကမှ ကိုယ့်ဘဝကို ချယ်လှယ်စီရင်ပိုင်ခွင့်

မရှိပါဘူး…။

ကိုယ့်ဘဝကို သူများရဲ့လက်ထဲမှာ..သူများရဲ့နှုတ်ခမ်းဖျားမှာ.. 

အပ်နှံထားမိလို့သာ…

သူတစ်ပါးရဲ့ထင်မြင်ချက်တွေ..ဝေဖန်ပြောဆိုတာတွေအပေါ် လိုက်ပြီး…

ကိုယ့်ရဲ့ခံစားချက်တွေ လှိုင်းထန်နေရတာပါ…။

ကိုယ့်လက်ထဲမှာရှိနေတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘဝကို..

ကိုယ်ဖြစ်စေချင်သလို ပုံဖော်တည်ဆောက်ခွင့် ရှိပြီးသားပါ….။

ကိုယ့်ဘဝကို ရိုးရှင်းအေးချမ်းပျော်ရွှင်အောင်..ကိုယ်ပဲဖန်တီးနိုင်သလို…

ကိုယ့်ဘဝကို ပူလောင်ရှုပ်ထွေးဆူညံနေအောင် ..ကိုယ်ပဲ လုပ်နိုင်တာပါ…။

ဘဝကို တစ်ရက်ချင်းဖြတ်သန်းတဲ့အခါ…တစ်နာရီချင်း..တစ်မိနစ်ချင်း…

တစ်စက္ကန့်ချင်း အကောင်းဆုံး ပုံဖော်သန့်စင်သွားမယ်ဆိုရင်…

တန်ဖိုးရှိတဲ့နေ့ရက်ကလေးတွေကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်…။

ကိုယ့်ဘဝကြည်လင်လှပဖို့..ကိုယ့်မှာပဲတာဝန်ရှိပါတယ်…။

ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ…။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။