ဘဝမှလည်း လူတွေက ဝေဖန်တိုင်း၊ မိမိရဲ့ ဆုံးဖြတ်ချက်ကြောင့် မပျော်ရွှင်တဲ့သူတွေရှိတိုင်း မိမိလုပ်ရပ်ကို ပြောင်းလဲလိုက်ဖို့ မလိုပါဘူး။ မိမိဘာသာအချိန်ပေးပြီး တကယ်မှားနေတဲ့နေရာကို ဖော်ထုတ်ရမယ်၊ ပြင်ဆင်ရမယ်၊ တိုးတက်အောင်လုပ်ရပါမယ်။ ဒီလိုမှသာ သင့်ဘဝ တကယ်တိုးတက်ပြီး အရင်က ထက်လည်း ပိုမိုပျော်ရွှင်လာနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းကို ကျေနပ်အောင်လုပ်နေရင် သင်ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်လာမှာမဟုတ်ပါဘူး၊ တစ်ခါတစ်လေ လူတိုင်းကျေနပ်မှာမဟုတ်ပေမဲ့ ပြောသင့်တာပြော၊ လုပ်သင့်တာလုပ်ရတဲ့ အခိုက်အတန့်တွေရှိပါတယ်။ လူတိုင်းသင့်ကို သဘောကျဖို့မလိုပါဘူး။