Books /မွန်ဟော်စီ
စိတ်ကို အဆိပ်ထုတ်ခြင်း (မွန်ဟော်စီ) Burmese Book
- Regular price
 - RM 25.00
 - Sale price
 - RM 25.00
 - Regular price
 - 
        
RM 0.00 
                    Worldwide shipping
                  
                
              
                    Secure payments
                  
                
              
                    Authentic products
                  
                
              Share
Detox ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ရင်းနှီးကြပါတယ်။ များသောအားဖြင့် ကျန်းမာရေးအလေးထားတဲ့ လူငယ် လူရွယ် လူကြီးတွေက ပိုရင်းနှီးကြတယ်။ ကိုယ်ကျန်းမာရေးအတွက် Detox လုပ်ရသလို စိတ်ကျန်းမာရေးအတွက်လည်း Detox လုပ်ကြရပါတယ်။ ကျွန်တော်တို့ သတိမထားမိပဲ ကိုယ်တိုင်လိုက်နာမိနေတတ်တဲ့ "စိတ်ကို Detox" လုပ်နည်းလေးတွေ ရှိကြတယ်။တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ကြဘူးပေါ့လေ။ ခရီးထွက်ပြီး စိတ်ကို relax လုပ်သူတွေ၊ အိမ်ရှင်းပြီး အခန်းလေးသပ်ရပ်သွားတာကို ကြိုက်သူတွေ၊ အပင်လေးတွေကြောင့် ပျော်ရသူတွေ စသဖြင့်ပေါ့။
သတိမထားမိလိုက်ပဲ Detox လုပ်မှန်းမသိ လုပ်နေမိတာတွေလည်း ရှိမှာပါပဲ။ သေချာတာကတော့ စိတ်ကရှင်းလင်းပြီး ကျန်နေတတ်တာမျိုးမှာ သတိထားမိတတ်ကြတယ်။ Detox လုပ်လားလို့ ကျွန်တော့်ကို လာမေးရင် ကိုယ်ကျန်းမာရေး Detox ထက် စိတ်ကျန်းမာရေး Detox ပိုလုပ်ဖြစ်တယ်ပြောရမလားပါပဲ။ တစ်ယောက်တည်း အနေများတော့ စိတ်ကို ပြင်ဆင်ဖြစ်တာတွေ များတယ်ထင်ပါရဲ့။
စိတ်ကို ရှင်းရှင်းထားရတာ ကြိုက်တတ်တဲ့ ကျွန်တော့်ရဲ့ Vitamin တွေထဲမှာ ဆရာမ မွန်ဟော်စီရဲ့ ဆောင်းပါးလေးတွေက အတော်နေရာယူပါတယ်။ မနက်ဆိုရင် အမရေးတာလေးတွေ ဖတ်ပြီး စိတ်ချမ်းသာရ နည်းယူရတာလေးတွေက တကယ်ကို Vitamin တစ်ခုဖြစ်နေတတ်တာမျိုးပေါ့။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page
 
      ×
      
    
    
  
      ×