• 34d0a849c2761894004f6c14dfb22067
  • d5a603fd184753b4c16f04a4dd145257
  • 34d2492f529729a7da8ec64f738e7eaf
1

Books /မြသန်းတင့်

မမ (မြသန်းတင့်) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

အမျိုးသမီး ဇာတ်ကောင်ကိုကျောရိုးပြုထားတဲ့ မေ၊ မီ၊ မြိုင်၊ မမ ဝတ္ထုတွေက စာဖတ်ပရိတ်သတ်ပေါ်လွှမ်းမှုရှိပါတယ်။ အိမ်ထောင်ရေးလောကရဲ့ ကျင့်ဝတ်နဲ့ စရိုက်အမျိုးမျိုး ရေးသားထားတဲ့ "မမ" ဝတ္ထုက ဆရာကြီး မြသန်းတင့်ရဲ့ စာအုပ်များအနက် နာမည်ကျော် စာအုပ်တအုပ်ဖြစ်ပြီ ဖတ်ဖို့ ညွှန်းဆိုမှုများပါတယ်

မြသန်းတင့်ရဲ့ မမလို့ ပြောလိုက်တာနဲ့ စာအုပ်မဖတ်ဖူးတောင် ကြားဖူးနားဝရှိပြီး ရင်းနှီး‌ နေမှာပါ။ ဖတ်ဖူးသူများကလည်း မမနဲ့ပတ်သက်တဲ့ မှတ်ချက်တွေကိုလည်း အများကြီး ရေးထားကြပါတယ်။

စာဖတ်သက်တမ်းနုသော ကျွန်ုပ်အဖို့တော့ မည်သို့မည်ပုံဝေဖန်ရမည်ဆိုတာထက် ဘယ်သို့ဘယ်ပုံ သင်ခန်းစာယူရမည်ဆိုသည်ကိုသာ အလေးထားလှပါတယ်။ ဒါကြောင့် မမ ဝတ္ထုကို သင်ခန်းစာယူခြင်းဆိုင်ရာ ရှုထောင့်မှ ထောက်ပြပြောဆိုလိုပါတယ်။

“စိတ်ဆိုသောအရာသည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်းမှာကို ဖြစ်ပျက်ပြောင်းလဲနိုင်မှု မြန်ဆန်ပေသည်။” တဲ့။

နားလည်းရန်ခက်သောစိတ်ကို လူတိုင်းပိုင်ဆိုင်ကြပါတယ်။ စိတ်ဆိုတဲ့အရာကို ဘယ်သောအခါမှ မူပိုင်အမြဲ တသမတ်တည်း ရှိနေဖို့ဆိုတာ မလွယ်ပါဘူး။ လူသားအားလုံးဟာ သတိဆိုတဲ့အရာနဲ့ ဘဲ အထိန်းအကွပ် ပြုနေကြတာပါ။ အဲ့ဒီ သတိတရား သာမရှိတော့ရင်…………။

မမစာအုပ်ကို လူငယ်လေးများ ပိုဖတ်သင့်ပါတယ်။ သင်ခန်းစာ ယူစရာတွေ များလွန်းသော ကြောင့်ပါ။ အတ္တတရားကို ရှေ့တန်းမတင်ကြဖို့နဲ့ တဏှာရာဂ ကျော့ကွင်းရဲ့ ဝါးမြိုခံရတဲ့လူ သတ္တဝါတွေအကြောင်းကို ဆင်ခြင်ဖွယ် မြင်တွေ့ရမှာပါ။

မမ ဇာတ်ကောင်ကို ကြိုက်ရသော အချက်ကိုပြပါဆိုလျှင် လူကို လူလို ပီသစွာ ဖွဲ့ထားလို့ပါဘဲ။ မည်သည့် ပုဂ္ဂိုလ်မှ ခြောက်ပစ်ကင်း သဲလဲစင် မနေပါ။ အမှားကိုယ်စီနဲ့ သာဘဝကို ဖြတ်သန်းကျင်လည်နေကြတာပါ။ များသည်၊ နည်းသည်သာ ကွာပါလိမ့်မယ်။ ကျွန်တော်တို့ တွေဟာ ခြောက်ပစ်ကင်းသဲလဲစင်နေသော ဇာတ်ကောင်များကို ဝတ္ထုတော်တော်များများ မှာ တွေ့ဖူးကြမှာပါ။ “အပြစ်ဟူသမျှ မြူမှုန်” ပင် မရှိတဲ့ ဇာတ်ကောင်မျိုးတွေပေါ့.။

အခု မမကတော့ လူ့စရိုက်၊လူ့မနောကို ပီပီသသ ဖော်ပြထားတဲ့ ဇာတ်ကောင်ပါဘဲ။ မမဟာ မှားရဲတယ်။ လူပီပီ အတ္တကို ရှေ့တန်းတင်တယ်။ အချစ်ဆိုတဲ့ အမှောင်ဖုံးတဲ့အခါ မျက်စိ တိသလ္လာဖုံးသလို ဘာမှ ကောင်းစွာ မမြင်နိုင်ရှာတော့ပါဘူး ။လင်ကိုပစ်တယ်။ သားကို ပစ်တယ်။ အထက်တန်းလွှာ တစ်ခုလုံး၏ လက်ညိုးငေါက်ငေါက်ထိုးခြင်းကို ကျောခိုင်းကာ အချစ်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားရှာသော အမျိူးသမီးပါပေ။ မမ ကို ချီးကျူးနေခြင်းမဟုတ်ပါ။ လူ့ဘောင် လောကတွင် မမ လိုလူများ ရှိသည်ကို သတိ ပြုပြီး မြင်အောင်ကြည့်စေချင်ရုံသာ..။

မမဆိုတာကတော့ အထက်တန်းလွှာ ဂုဏ်သရေရှိ အသိုင်းအဝိုင်းရဲ့ မင်းကြီးကတော် တစ်ဉီး။ အချစ်မပါသော အိမ်ထောင်ရေးကို တည်ဆောက်ခဲ့ရသူ။ အစ ပထမ ၌ တော့ သူမဘဝကို နှစ်သက်ပျော်ရွှင် ရှာပါတယ်။ ငွေကြေး၊ ဓနများနှင့် စပ်ကာ“ ရွှေရွှေချင်းထပ်၍ မြတ်ကြ” ရလေအောင် ဉီးသက်ထွန်းနဲ့လက်ဆက်ခဲ့ပါတယ်။ သားလေး တူးတူး မွေးဖွားကြီးပြင်းသည်အထိ သူမ အိမ်ထောင်ရေးဟာ မုန်တိုင်းမလာသော နေ့ရက်များ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် မန္တလေးက တက္ကသိုလ် ကထိက ကိုသက်ဆွေနဲ့ တွေ့ပြီးနောက်မှာတော့ သူမအိမ်ထောင်ရေးဟာ တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ပါတယ်။ ရုပ်ချောသဘောကောင်း၊ ပညာတတ်ဖြစ်တဲ့ ကိုသက်ဆွေဟာလည်း မမကိုမှ ချစ်မိပါသည်တဲ့။ အတ္တတွေကို ရှေ့တန်းကြတဲ့ အခါဝယ် စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း တွေကိုသာ သူတို့တစ်တွေ ရရှိလိုက်ကြပါတယ်။

ဒီစာအုပ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းများကို ပြောပါဆိုလျှင်တော့ မမ၏ ဖြစ်ပေါ်လာတဲ့၊ အမျိုးမျိုးပြောင်းလဲပြီး ဂယောက်ဂယက်ဖြစ်နေတဲ့စိတ်ကို အနုစိတ်ခြယ်မှုန်း ဖော်ပြထားတာကိုပါဘဲ။အိမ်ထောင်ရေးနဲ့ ချစ်သူကြား ဗျာများ နေရပုံ၊ အတ္တကို ဉီးစားပေးရာမှ ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်ကာ “ ဆုပ်လည်း စူး၊ စားလည်းရူး” အဖြစ်မျိုးတွေကိုပါ မြင်ရမှာပါ။ အတ္တတရားကို ဉီးစားပေးတဲ့အခါ မမ လို အထက်တန်းလွှာ အမျိူးသမီးအဖို့တော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက မလွယ်လှပါဘူး ။

မိုက်ရူရဲဆန်သောမမကို ကြည့်ကာ သံဝေဂရတယ်။ အတ္တကြီးသောမမကို ကြည့်ကာ ကိုယ်ကျိူးစွန့်တတ်ဖို့ စိတ်မွေးမိလာတယ်။ အဝိဇ္ဇာအမှောင်ဖုံးပြီး အချစ်မျက်စိနဲ့ စုံလုံးကန်းနေတဲ့ မမကိုကြည့်ကာ မာယာများကို ကြောက်လာတယ်။ ရွေးချယ်မှုတွေ မှားတဲ့အခါ ရွေးချယ်မှု အမှားတွေကဘဲ မိမိကို ပူလောင်မြိုက်စေတယ်ဆိုတာ သိလာတယ်။ ဒါဟာ မမ က ပေးတဲ့ သင်ခန်းစာဘဲ..။

♦️မမ ကို သနားရမည်လား။

♦️မမ ကို ရွံမုန်းရမည်လား။

♦️မမ ကို နားလည်မှုပေးရမည်လား။

♦️မမ ကို အပြစ်ဆိုရမည်လား။

ကျွန်ုပ်ကိုယ်တိုင်ပင် ဝေခွဲ၍ မရသေးပေ။

ဒီတော့..ဇာတ်ကောင် မမ ရဲ့ ကျင်လည်ရာဘဝ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် ၊ အယူအဆတွေကို မမ အမည်ရ ဝတ္တုကို ဖတ်ကြည့်ရင်း လေ့လာဆန်းစစ်ကြပါစို့လား…။

မှတ်ချက်။ ။ မမ ၀တ္ထုဟာ ရုရှားစာရေးဆရာကြီး လီယိုတော်စတ္တိုင်း (Leo Tolstoy ) ၏ အကျော်ကြားဆုံး၊ ကမ္ဘာ့ ဂန္ထ၀င် စာပေ အကောင်းဆုံး စာရင်း၀င်

အန်နာကရယ်နီးနား ၀တ္ထုကြီးကို ဇာတ်လမ်းကျော်ရိုး မပျက် မြန်မာမှု ပြုထားပါသည်


*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။