• a67bbc1eaa2f25998da8adc88a70d45a
  • f7b228b056222979c1e85cbf0aa697e0
  • 92d1d2279e51226f9dbd16bde490ea86
1

ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ (မြသန်းတင့်) Burmese Book

Regular price
RM 26.00
Sale price
RM 26.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ " ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ " ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် "ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ " ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး "အတိတ်ကာလ " တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။

ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ....

" အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ " ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )

ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)

မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့...

မင်းဆွေ ရေးတဲ့ "ဓား" ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်

ဇေယျ ရေးတဲ့ "မြတ်လေးရွှေဓားဗိုလ် " ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်

ရဲထွန်းလင်း ရေးတဲ့ "အရေးတော်ပုံတပ်သား" ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။

အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။