• 0927a8820c709774953dd41910b8330c
  • 3d50b0d95d3ea56b45bc302e2d17e3c4
  • fc8ab04c4fbc24dabcba5fee49cb2c50
1

ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်(မြသန်းတင့်) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဘဝမှာ အဆင်မပြေမှုတွေ ကြုံလာလို့ စိတ်ဓာတ်ကျလာရင် ဖတ်သင့်တဲ့ စာအုပ်လေးပါ။ ထိုခေတ်ထိုအခါက ခေတ်သရုပ်ကို စာအုပ်ထဲမှာပေါ်လွင်အောင် ရေးသားထားပါတယ်။ ဆံပင်ရှည်ထားတဲ့လူငယ်တွေ၊ ဆေးစွဲတဲ့ လူငယ်တွေ၊ အလုပ်သမား ဝါဒနဲ့ အရင်းရှင် ဝါဒတို့ အားပြိုင်တဲ့အကြောင်းကိုပါ ပါးပါးပုတ်ထားပါတယ်။ ခေတ်ပညာတတ် ကိုနန္ဒတစ်ယောက် ဆေးစွဲပြီး အိမ်ပြေးဖြစ်နေတဲ့ တူနှစ်ယောက်ကို ခေါ်ပြီးရေလမ်းခရီးကအပြန် မုန်တိုင်းမိပြီး စက်လှေနှစ်ခဲ့ပါတယ်။ တူတစ်ဦးကို လက်လွတ်လိုက်ရပြီး စက်လှေကုန်ထမ်းသမားတစ်ဦးနဲ့ ကျွန်းတစ်ကျွန်းပေါ်ရောက်ခဲ့ပါတယ်။ ဘဝကို မရှုံးမပေးဘဲ ကြိုးစားတဲ့ အလုပ်သမားလူတန်းစားရဲ့ အားထုတ်မှု၊ ပညာတတ် တူဝရီးရဲ့ ပူးပေါင်းကူညီမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ချင်တဲ့ (အရင်းရှင်ဝါဒ) စက်လှေပိုင်ရှင်ရဲ့ အောက်တန်းကျမှုများ၊ ပင်လယ်ကို ချစ်တဲ့သူက ပင်လယ်မှာပဲ နေခဲ့ရပုံတွေကို ဒီရေလှိုင်းများပမာ အနိမ့်အမြင့် အတက်ကျများစွာနဲ့ အားတက်ဖွယ်၊ ဝမ်းနည်းဖွယ် ရသစုံလင်အောင် ထည့်သွင်းထားပါတယ်။ တစ်ကယ်တော့ ဒီစာအုပ်ဟာ ဆရာကြီး မြသန်းတင့် ကိုကိုးကျွန်းမှာ ကျွန်းဒဏ်ကျခံနေစဉ်ကာလမှာ မန်းငြိမ်းမောင်တို့ သုံးဦးဖောင်ဖွဲ့ ထွက်ပြေးလွတ်မြောက်သွားမှု ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးထားတာပါ။ ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခရှိနေပေ့စေ ရအောင်ကြိုးစားမယ်ဆိုတဲ့ ယောက်ကျားတို့ရဲ့ မာနကို ဖော်ကျူးထားခြင်းလည်းဖြစ်ပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။