အခန်း (၁) သူများထက် ဘာတွေထူးကဲနေသလဲ
အခန်း (၂) အတွင်းမှ ဦးဆောင်ခြင်း
အခန်း (၃) အလိုအလျောက် ထိုးဖောက်သိမြင်တတ်သောသူ
အခန်း (၄) ဖြေရှင်းရန်နည်းလမ်းရှာဖွေခြင်း၊ ဆုံးဖြတ်ချက်ချခြင်း
အခန်း (၅) ခေါင်းဆာင်တို့ နေထိုင်ပုံ
အခန်း (၆) ထိတွေ့မှုရှိခြင်း
အခန်း (၇) လူရွေးချယ်ခြင်း၊ လုပ်ပိုင်ခွင့်အပ်နှင်းခြင်း
အခန်း (၈) အနာဂတ်ကမ္ဘာ၌ ဦးဆောင်ခြင်း
ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး (ဖေမြင့်)
'ခေါင်းဆောင်စိတ် ခေါင်းဆာင်အတွေး' ဟူသည့်အတိုင်း လုပ်ငန်းအကြီးအကဲ ခေါင်းဆောင်တို့၏ စိတ်နေစိတ်ထားများ၊ တွေးတောကြံစည်ပုံ အလေ့အထများကို အသေးစိတ် လေ့လာစူးစမ်း မေးမြန်းတင်ပြထားခြင်း ဖြစ်ရာ ခေါင်းဆောင်ဟူသည်ကို အားကျရုံမျှမဟုတ် ကိုယ်တိုင် ခေါင်းဆာင်ဖြစ်ရန် အားထုတ်လိုသူများအတွက် အထူးတန်ဖိုးရှိမည့် စာတစ်အုပ် ဖြစ်ပါသည်။
စာအုပ်ရေးသားပြုစုသူ Dr. Harry Alder သည် ဗြိတိသျှ ကုမ္ပဏီလောကမှ အကြီးအကဲပုဂ္ဂိုလ် ၁၅၀ ကျော်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်အားလုံးနီးပါးလောက်ပင် ကုမ္ပဏီ၏ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချူပ်များ ဖြစ်ကြသည်။ အချို့ပုဂ္ဂိုလ်များကို တစ်ကြိမ်ထက်မက တွေ့ဆုံခဲ့၍ တွေ့ဆုံချိန်များမှာလဲ တစ်ခါတစ်ရံတွင် နေ့ဝက်မျှအထိ ကြာရှည်ခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးများအနက် ထက်ဝက်ကျော်မှာ ‘သည်တိုင်း(မ)(စ)’ အဖွဲ့၏ ကုမ္ပဏီ ၁၀၀၀ စာရင်းတွင် ထိပ်ဆုံးနံပါတ်စဉ် ၂၀၀ အတွင်း ဖော်ပြခြင်းခံရသည့် လုပ်ငန်းကြီးများကို ဦးဆောင်နေကြသူများ ဖြစ်၏။ ၎င်းတို့ကိုင်တွယ်နေသော ကုမ္ပဏီများ၏ လည်ပတ် ငွေပမာဏမှာ ပေါင်ငွေ သန်းထောင်ပါင်းများစွာရှိရာ ဗြိတိသျှစီးပွားရေး၏ အတော်ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။ အခြားကျန်ရှိသည့် ပုဂ္ဂိုလ်ကြီးများမှာမူ အလယ်အလတ်နှင့် အသေးစား ကုမ္ပဏီများအား ကိုယ်စားပြု ပါဝင်သူများဟု ဆိုရမည်ဖြစ်ပါသည်