• 5150d8f8480822b04d5b0d4e8b09c8cb
  • 59fab0dace9a3c345bed7e1f89d961ef
  • 40a17770a0c277bb3f3b326903268d78
  • 9022f46e2c0f0f5b854c13b8a89adf9c
1

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (ဖေမြင့်) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်က နယ်ပယ်အသီးသီးမှာ ထူးချွန်ပေါက်မြောက်ခဲ့သူတွေကို Reader's Digest မဂ္ဂဇင်းက ဆက်သွယ်ပြီး The Best Advice I Ever Had ဆိုတဲ့ ခေါင်းစဉ်နဲ့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာတွေကို ဆရာက ရွေးချယ်ဘာသာပြန်ထားတာပါ။ ဒီထဲမှာပါတဲ့ ထူးချွန်အောင်မြင်သူ တစ်ဦးချင်းစီရဲ့ အကြောင်းတွေကို စိတ်ဝင်စားစရာ ဇာတ်ကြောင်းလေးနဲ့ ပြန်ပြောထားပြီး သူတို့ဘဝမှာ ရခဲ့တဲ့ အကောင်းဆုံး အကြံဉာဏ်တွေကို ဖော်ပြထားပါတယ်။ ဥပမာပြောရရင် ဂျွန် ဟာရိုးလ် ဂျွန်ဆင် (John Harold Johnson) ဆိုတဲ့ လူမည်းဆင်းရဲသားလေးက ဆင်းရဲနုံချာတဲ့ ဘဝကနေ အောင်မြင်တဲ့ စာအုပ်ထုတ်ဝေသူ၊ အာမခံလုပ်ငန်းပိုင်ရှင်၊ ဘဏ်လုပ်ငန်းရှင် စတာတွေ ဖြစ်ခဲ့ရာမှာ သူ့ရဲ့အမေက အဓိကပံ့ပိုးပေးသူ ဖြစ်ခဲ့ပါတယ်။ သူ့အမေ ပြောတဲ့ စကားက ကျွန်တော်ဆို ခဏခဏ ပြန်တွေး အားယူရတဲ့ စကားဖြစ်ပါတယ်။ "ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး" ဂျက်ဘင်နီ ဆိုတဲ့ အမေရိကန် ရေဒီယိုနဲ့ ရုပ်မြင်သံကြားလူရွှင်တော်ဆိုရင် ကလေးဘဝက တယောသင်စဉ်မှာ ခပ်ပေါ့ပေါ့ပဲ လေ့ကျင့်ဖြစ်တယ်။ ဒီအခါမှာ သူ့အဖေက "ဂီတတစ်ခုတည်းမှ မဟုတ်ဘူး၊ လုပ်ငန်းမှန်သမျှ ဒီအတိုင်းပဲ။ တချို့အပိုင်းတွေ လွယ်တယ်။ တချို့အပိုင်းတွေ ခက်တယ်။ ဘယ်လုပ်ငန်းမှာမဆို တကယ်တမ်းအောင်မြင်ချင်ရင် ခက်တဲ့အပိုင်းတွေလည်း မလွှဲမရှောင်သာ လေ့ကျင့်ရလိမ့်မယ်" လို့ ပြောခဲ့တယ်။ ကိုယ်ကိုယ်တိုင် ပျင်းနေပြီး ရေသာခိုချင်တဲ့အခါမှာ ဂျက်ဘင်နီနဲ့ သူ့အဖေရဲ့စကားကို သတိရပြီး သံပတ်ပြန်တင်းရပါတယ်။ အဲရစ် ဆီဗရိတ် (ဒ) (Eric Sevareid) ဆိုတဲ့ စာနယ်ဇင်းသမားက သူ့အသက် ၁၇ နှစ်သားအရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ခရီးရှည်ကြီးကို ကနူးလှေနဲ့ သွားနိုင်ကြောင်း သက်သေပြနိုင်တဲ့ ကိစ္စမှာ သတင်းစာတွေကလည်း စိတ်ဝင်တစားဖော်ပြ၊ လူတွေလည်း စိတ်ဝင်စားတဲ့အချိန် သူတို့ တကယ်လုပ်နိုင်ပါ့မလား သံသယဝင်မိတယ်။ ဒီအချိန်မှာ မုဆိုးကြီး တစ်ဦးပေးတဲ့ "ဘယ်လောက်ဝေးဝေးကြီး သွားရဦးမယ်ဆိုတာ မစဉ်းစားနဲ့၊ ရှေ့တစ်မိုင်အတွက်ကိုပဲ စဉ်းစား၊ အဲဒါဆို မင်းတို့ရောက်လိမ့်မယ်လို့ ငါယုံကြည်တယ်" ဆိုတဲ့ အကြံပြုချက်နဲ့ သူတို့ အောင်မြင်ခဲ့တယ်။ ကိစ္စအကြီးကြီးတွေ လုပ်ရတဲ့အခါမှာ အဆုံးထိမစဉ်းစားဘဲ တစ်နေ့စာ၊ တစ်ပတ်စာ၊ တစ်လစာ ခွဲခြားပြီး အောင်မြင်အောင်လုပ်ဖို့ အသိရလာခဲ့ပါတယ်။ ဒီစာအုပ်မှာ ပုဂ္ဂိုလ်ကျော်ပေါင်း ၂၃ ယောက်အကြောင်းနဲ့ သူတို့ရခဲ့တဲ့ အကောင်းဆုံး အကြံဉာဏ်တွေ အကြောင်းပါပါတယ်။ ဝယ်ပြီးကတည်းက ဒီစာအုပ်ကို အကြိမ်များစွာဖတ်ခဲ့၊ လက်တွေ့ဘဝမှာ အခက်အခဲကြုံချိန်မှာ ဒီစာအုပ်ကရတဲ့ အကြံဉာဏ်တွေကို အသုံးချခဲ့ဖူးပါတယ်။ အကျိုးရှိခဲ့ပါတယ်။ စိတ်ဓာတ်ခွန်အား ရပါတယ်။ ဆရာဖေမြင့်ကို ပြန်ကြားရေးဝန်ကြီးအနေနဲ့ဆို မကြိုက်ကြတဲ့အတွက် လှောင်ပြောင်ပြီး သူ့ရဲ့စာအုပ်တွေကိုပါ ဟာသလုပ်ကြတာ ရှိပါတယ်။ တကယ်တော့ "ဖေမြင့်" စာအုပ်ဖတ်ပြီး စိတ်ဓာတ်ခွန်အားရသူ၊ လက်တွေ့ဘဝမှာ အောင်မြင်သွားသူတွေ ရှိပါတယ်။ စာရေးဆရာအနေနဲ့ သူနာမည်ကျော်ခဲ့တာ အလကားတော့လည်း မဟုတ်ပါဘူး။ စာအုပ်ဖတ်တဲ့အခါ ပြန်ကြားရေး ဝန်ကြီးဆိုတာ မေ့ထားပါ။ စာကိုပဲ ဖတ်ပါ။ ဒါဆိုရင် အဆင်ပြေပါလိမ့်မယ်။ စိတ်ဓာတ်ကျလွယ်သူတွေ ဒီစာအုပ်ကို သေချာဖတ်ပါ။ ကိုယ့်ဘဝနဲ့ ဆက်စပ်စဉ်းစားပါ။ အကြံဉာဏ်တွေ လက်တွေ့ အသုံးချကြည့်ပါ။ ဒါဆို အဆင်ပြေပါလိမ့်မယ်။ စာညွှန်း Sithu Htet စာမျက်နှာ- ၂၇၀ စာရေးသူ-ဖေမြင့်

စာမျက်နှာ- ၂၇၀

စာရေးသူ-ဖေမြင့်

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။