Books /ကြည်စိုး IC(အိမ်ဘုရင်)
အိမ်ဘုရင်၏ အိမ်ခြံမြေရေးရာသိမှတ်ဖွယ်အဖြာဖြာ(ကြည်စိုး IC) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
အိမ်ခြံမြေ ၊ တိုက်ခန်း ၊ ကွန်ဒိုပိုင်ရှင်များ ၊ ဝယ်ယူရောင်းချ ငှားရမ်းလိုသူများနှင့် အိမ်ခြံမြေ လောကသို့ တိုးဝင်လိုသူများအား ရည်ရွယ်၍ အိမ်ခြံမြေလောကတွင် နှစ်ပေါင်း ၃၀ ခန့် တွေ့ကြုံ မှတ်သားလာခဲ့သည့် အိမ်ဘုရင်က ဤစာအုပ်တွင် သိထားသင့်သော အိမ်ခြံမြေရေးရာ အဖြာဖြာနှင့် အကျိုးဆောင်တို့အမေး ၊ အိမ်ဘုရင်ရဲ့အဖြေ ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြား တင်ဆက်ထားပါသည်။
ရောင်းချမယ့်သူက စရန်စာချုပ်ပါအတိုင်း ဆက်လက် မဆောင်ရွက်နိုင်ရင် စရန်ငွေရဲ့ နှစ်ဆကို ပေးလျော်ရပါတယ်။ သို့သော် စရန်စာချုပ် ချုပ်ဆိုစဉ် နှစ်ဆပေးလျော်ပါမယ်လို့ ထည့်သွင်းရေးသားခြင်း မပြုမိတာ၊ ဘာစည်းကမ်းကိုမျှ မဖော်ပြဘဲ အာမခံသဘော ငွေပေးသွင်းရာရောက်စေတဲ့ စရန်စာချုပ်ဖြစ်နေတာတို့ဟာ စရန်နဲ့ လျော်ကြေးတို့ကို မရစေနိုင်တဲ့ အကြောင်းကိစ္စများ ဖြစ်နေပါတယ်။
အရေးကြီးတဲ့ စရန်စချုပ် မှာအပျောက်တိုက်ခန်းတွေ ပါဝင်တဲ့ တိုက်တစ်တိုက်လုံးဟာ အကြောင်းကြောင်းကြောင့် ပြန်ဆောက်မယ် ၊ ပြန်ပြုပြင်မယ် ၊ မီးလောင်သွားမယ် ၊ လေပြင်းတိုက်မယ် ၊ ရေကြီးသွား ၊ တစ်တိုက်လုံး ပြိုပျက်သွားရင်လည်း တစ်တိုက်လုံး ပျက်စီးသွားရင်လည်း အငှားလို့ အပြောခံရတဲ့ အပျောက်တိုက်ခန်း ပိုင်ရှင်တွေဟာ ဖယ်ပေးရစရာ အကြောင်းမရှိပါဘူး။ ကျောကော့ပြီး ဆင်းပြေးရစရာ အကြောင်းမရှိပါဘူး။ ငှားမြဲ ငှားပြီးတော့ နေမြဲ ပြန်ရပါမယ်လို့ ဥပဒေ ပုဒ်မနှစ်ခုက အတိအလင်းဆိုထားပါတယ်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page