• IMG_20230828_222526
  • IMG_20230828_222534
  • IMG_20230828_222557
1

Books /နူးနူးအောင်

နေ့ရက်တိုင်းကို ရိုးရှင်းစွာရှင်သန်ပါ (နူးနူးအောင်) Burmese Book

Regular price
RM 20.00
Sale price
RM 20.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

# Burmese Book

ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဘယ်လိုခံယူထားသလဲ။

နေ့စဥ်နေ့တိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ရှင်သန်သွားနိုင်ဖို့ ဘာတွေ လိုအပ်မယ်လို့ ယူဆထားသလဲ။

ဘဝမှာ အများကြီး ခမ်းနားထည်ဝါဖို့ မလိုအပ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့အင်အားမျိုးနဲ့ ရှင်သန်နေဖို့သာ အရေးကြီးတာပါ။

ပြဿနာတွေ မကြုံဖို့ ဘုရားထံကိုဆုမတောင်းဖြစ်ပါဘူး။ ကြုံလာမယ့် ပြဿနာတွေကို ရင်ဆိုင်နိုင်တဲ့ စိတ်ခွန်အားတွေ ပေးအပ်ဖို့သာ ဆုတောင်းဖြစ်ပါတယ်။

လူ့ဘဝဆိုတာ ချစ်ခြင်းမေတ္တာတွေနဲ့ ရှင်သန်ရရင်တော့ နေချင်စဖွယ်ကောင်းလှတာမို့ -

- ချစ်သူရည်စား...

- မိဘမောင်ဘွား...

- သူငယ်ချင်းများ...

ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတွေကို အမြဲတစေ ဝေမျှပါ။

ဘဝဆိုတာ အမှတ်တရတွေကို စုဆောင်းပြီး ရှင်သန်ရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရှင်သန်နေစဉ်မှာ အမှတ်တရကောင်းတွေကို အများကြီး ဖန်တီးပါ။

Life is a gift တဲ့။ ဘဝဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အရိုးသားဆုံး၊ အရိုးရှင်းဆုံးအဖြစ်နဲ့သာ နေ့ရက်တိုင်းကို ရှင်သန်သွားပါ။

စာမျက်နှာ ၁၃၆

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။