• IMG20231124090817
  • IMG20231124090825
  • IMG20231124090850
1

Books /Mon Halsey

Money Mindset Miracles(Mon Halsey)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

Money Mindset Miracles စာအုပ်ကိုဖတ်ပြီး.. အိမ်ခြံမြေတွေ အကုန်အရောင်းထွက်သွားတယ်.. ချက်ချင်းငွေတွေဝင်လာတယ်လို့တော့ ရှိလာမှာမဟုတ်ပါဘူး..ငွေသာအရေးအကြီးဆုံးလို့ လောဘတက်နေဖို့လည်း ဒီစာအုပ်ထဲမှာ ရေးမထားပါဘူး..။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး ဘယ်အရာကိုဆောင်.. ဘယ်ယတြာကိုလုပ်ပါဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာတွေ့ရမှာ မဟုတ်ပါဘူး။

ဒီစာအုပ်မှာဖတ်ရမဲ့အကြောင်းတွေက.. မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြဝဠာရဲ့ စွမ်းအင်သဘော.. 

Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု. Transformation တွေ.အေးချမ်းသော ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကို နားလည်လုပ်ဆောင်နိုင်မဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ဘဝမှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။ 

Law of Attraction ရဲ့ သဘောတရားအရ ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေးဆွဲယူတတ်မှသာ ဘဝမှာ Miracle ဆိုတဲ့ အံ့ဩဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်..။

မိမိတို့ ရသင့်ရထိုက်တဲ့… ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကို ဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း.. 

Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး ဘာသာမရွေး လိုက်ပါလုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာရေးသားဖော်ပြထားပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။