• IMG_20230801_121548
  • IMG_20230801_121557
1

ငါ့ရဲ့ဒေဝီ (သိုးဆောင်း) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မျက်နှာကိုမော့စေရင်း 

နဖူးပြင်ပေါ်သို့ 

တိုးဖွသောအနမ်းလေးတစ်ချက်

ခြွေချပေးတယ်...

ဉာဏ်အလင်းပွင့်သွားတယ်ဆိုတာ 

ဒါမျိုးကိုခေါ်တယ်ထင်ပါရဲ့ ....

မြေမှာလဲကျနေတဲ့ သစ်ပင်လေးနားသွားပြီး တိုးတိုးလေး ကျွန်တော်ကပ်မေးလိုက်တယ်...။

"ခင်ဗျား ဘာလို့...အခုလို အမြစ်ကကျွတ်ပြီး လဲကျနေတာလဲ..."

"ငါ အားနည်းမှန်းသိလို့...မိုးသက်မုန်တိုင်းက ငါ့ကိုပဲတမင်ရွေးပြီး အနိုင်ကျင့်သွားတာ..."

တစ်ကိုယ်လုံး အရိုးပြိုင်းပြိုင်းကျပြီး ဦးချိုလေးသာ မြေမှာစိုက်ကျန်ရစ်ရှာတဲ့ သမင်လေးနားသွားပြီး ကျွန်တော် တိုးတိုးမေးမိပြန် တယ်...။

"ခင်ဗျား ဘာလို့...အခုလိုဖြစ်သွားရတာလဲ...၊ ခင်ဗျားတစ်ကိုယ်လုံးလည်း အရိုးပဲကျန်တော့တယ်..."

"ငါ့မှာ ပြန်ပြီးခုခံတိုက်ခိုက်နိုင်တဲ့ အင်အားမှမရှိတာပဲ...၊ အဲတော့ ခွေးတစ်အုပ်ရဲ့ညစာ ဖြစ်သွားရတာပေါ့..."

"ဪ..."

"ငါ့ထက်အင်အားကြီးတဲ့ ကျားတို့... ခြင်္သေ့တို့ကို သူတို့အခုလို ဘယ်လုပ်ရဲလိမ့်မလဲ..."

ကဆုန်ပေါက်ပြေးနေရှာတဲ့ လှည်းဆွဲမြင်းလေးကို...ကြာပွတ်နဲ့ အကြိမ်ကြိမ်ထပ်ရိုက်ပြီး အပြင်းအထန် ခိုင်းစေမောင်းနှင်နေတဲ့ 

လှည်းဆရာကိုမြင်တော့ ကျွန်တော့်မှာ တအံ့တဩ မေးလိုက်မိတယ်...။

"သူတတ်စွမ်းနိုင်သလောက် ပြေးနေပြီပဲဗျာ...၊ ဘာလို့ ကြာပွတ်နဲ့ ထပ်ထပ်ရိုက်နေတာတုံး...၊ သူ့ကိုလည်းကြည့်ပါဦး...တင်ပါးမှာ အရှိုးရာတွေ ထပ်နေပြီ..."

"သူ ဒီ့ထက်မြန်မြန်ပြေးဖို့ လိုတယ်ဗျ၊ အဲ့ဒီအတွက် ကျုပ် သူ့ကိုဆုံးမနေတာ၊ ကျုပ် အဲလိုမှမဆုံးမရင် ကျုပ်သခင်က ကျုပ်ကို ဒီလို ပြန်ဆုံးမလိမ့်မယ်..."

ပြောပြောဆိုဆို လှည်းဆရာက ဝတ်ထားတဲ့သူ့အင်္ကျီကို ချွတ်ပြတယ်။

ဪ...သူ့ကျောပြင်မှာ အရှိုးရာတွေ အပြည့်...

ဘဝဟာ အဲ့ဒါပါပဲဒေဝီ...၊ ကျွန်တော်ကတော့ အဲ့ဒါကို ဘဝလို့ပဲ ကျေကျေနပ်နပ်ခံယူထားပါတယ်။

ဒေဝီ့ကို သခင်မအဖြစ် လောက,ကဖန်ဆင်းပေးတဲ့အခါ ဒေဝီ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ့် သောက်ရူးတစ်ကောင်အဖြစ် မွေးဖွားလာတာ ကျွန်တော်ပါပဲ ဒေဝီ။

ဒေဝီ ကျေနပ်တယ်မလား...။

ကျွန်တော်လည်း ကျေနပ်တယ်...။

                             သိုးဆောင်း

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။