• b3062d0ca8fcf82a9ac34973a912c8e1.jpg_
  • f68eaaa2dbf72eea12cb45b2e7512ef3.jpg_
  • e8517142b23d0d1f3da54e88d6d533a6.jpg_
1

Books /သိုးဆောင်း

Psycho Software (သိုးဆောင်း) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လက်စွပ်က နှစ်ကွင်းပဲရှိတယ်၊
လူက သုံးယောက်။
တစ်ကွင်းကိုတော့...
မင်းလက်မှာ အရင်ဆုံးစွပ်လိုက်ပါ မိန်းကလေး။
ကျန်တစ်ကွင်းကတော့...
မင်း ဆန္ဒရှိသူအတွက်ပေါ့...။
လူဆိုတာ မွေးဖွားလိုက်ကတည်းက စာအုပ်တစ်အုပ်နဲ့အတူ လောကထဲ ရောက်လာတာပါ . . .။ အဲဒီစာအုပ်ကို ငါတို့မင်းတို့ မပိုင်ဘူး။ ဒါပေမယ့် စာအုပ်က ငါတို့ကို ပိုင်တယ်။

စာအုပ်ထဲမှာ နိဒါန်းပါတယ်။ စာကိုယ်ပါတယ်။ နိဂုံးပါတယ်။ နိဒါန်းကတော့ မွေးဖွားစဉ် အချိန်ကနေ ပထမအရွယ်ထိ ရေးထားတာပေါ့။ စာကိုယ်ကတော့ ဒုတိယအရွယ်ကို ရေးထားတယ်။ နိဂုံးကတော့ တတိယအရွယ်နဲ့ မင်းဘဝ အဆုံးသတ်ချိန်ပေါ့။

မင်းစာအုပ်က သူများစာအုပ်နဲ့မတူဘဲ...ထူးထူးခြားခြား ပါးလျနေရင်တော့ လောကကြီးထဲက အစောကြီးထွက်သွားရမှာပေါ့၊ တကယ်တော့ ငါတို့ဟာ အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို အစက ပြန်တွက်နေတာပါ....

မင်းအရွယ်က နိဒါန်းဆိုပေမယ့် စာကိုယ်ရှိတဲ့ စာမျက်နှာတွေကို လှန်ကြည့်လို့ မရဘူးနော်။ နိဂုံးလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် မင်း မနက်ဖြန် တစ်ရက်ကူးလိုက်တာနဲ့အမျှ အဲဒီစာအုပ်က တစ်ရွက်လန်သွားတယ်။ ပေါ်လာတဲ့စာမျက်နှာမှာ အဲဒီနေ့အတွက် မင်းလုပ်ရမယ့် အကြောင်းကိစ္စအလုပ်တွေအားလုံး ရေးထားတယ်။ တစ်လုံးတစ်ပါဒမှ မလွဲသွားဘူး။

ဟုတ်တယ် . . . အဲဒါဟာ တစ်ရက်တည်းအတွက်လည်း မဟုတ်ဘူး။ မင်းဘဝရဲ့ နောက်ဆုံးနေ့တိုင်အောင်ထိပဲ ဆိုပါတော့ . . .

အကယ်၍များ အဲဒီစာအုပ်လေးကို နာမည်ပေးချင်ခဲ့မယ်ဆိုရင် . . . . . . . . . . . . . . . . . . . . . . . . . .

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။