• IMG20231019091006
  • IMG20231019091021
  • IMG_20231019_091118
1

Books /သိုးဆောင်း

ပဉ္စလက်ရွာ (သိုးဆောင်း) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လိပ်ပြာလွှင့်တယ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တယ် ၊ ချောက်ထဲကျသွားတယ်လို့ အိပ်မက်မက်ပြီး လန့်နိုးဖူးလား ၊ ဒါမှမဟုတ် ထမင်းလုံးတစ္ဆေ ခြောက်ခံရဖူးလား ၊

အဲဒါတွေက သာမန်လိပ်ပြာလွှင့်တာပဲ ၊

တမင်တကာ လိပ်ပြာလွှင့်တာက ရုပ်ခန္ဓာထဲက

နာမ်ခန္ဓာ ခွဲထွက်သွားအောင် လုပ်တာပဲ ၊

ခွဲထွက်သွားတဲ့ နာမ်ခန္ဓာက ရုပ်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေကို ဖောက်ထွင်းမြင်နိုင်တယ် ၊

လိပ်ပြာလွှင့်နေစဥ် အကြားအမြင်ပေါက်သလို

နောင်ဖြစ်မယ့် ကိစ္စတွေကို ကြိုသိနိုင်တယ် ၊

စိတ်ထဲရှိရာ ဘယ်နေရာကိုမဆို ခနအတွင်း

ရောက်အောင်သွားနိုင်တယ်.........


ကျိန်စာတိုက်တယ်ဆိုတာ အကြောင်းမဲ့တိုက်လို့မရဘူး၊

ကိုယ်တိုင်ပြုခဲ့တဲ့ ကောင်းမှု ၊ မကောင်းမှု တစုံတရာ ရှိရမယ် ၊ ထိုအရာကို တိုင်တည်ပြီးတော့မှ သစ္စာပြုကျိန်ဆိုနိုင်တယ်..........


" ညနေ (၆) နာရီ မင်းကို ငါ ပထမဆုံးနဲ့

နောက်ဆုံးအကြိမ် တွေ့မယ်

သဲချောင်းမြေပြင်ဟာ မင်းရဲ့သခ်ျိုင်း ဖြစ်စေရမယ် "


"ပဉ္ဓလက်ရွာ" ဆိုတဲ့ ဝတ္ထုလေးဟာ

စာပေခရီးတလျှောက် ကျွန်တော့်ကို

မှတ်မှတ်ရရရှိစေခဲ့တဲ့ ဝတ္ထုတွေထဲက

ဝတ္ထုတစ်အုပ်ဆိုလျှင် မမှားပါဘူး...

အမှန်အတိုင်းပြောရရင် ဒီစာအုပ်က

ကျွန်တော့်ကို အများကြီးပင်ပန်းစေခဲ့ပါတယ်

ဘဝနဲ့ပက်သက်တဲ့ ပညာတွေ အများကြီးကိုပါ

သူက ယူဆောင်လာပါတယ်...

ပဉ္ဓလက်ရွာဝတ္ထု စရေးချိန်မှာပဲ

ကျွန်တော့်စိတ်နဲ့ ခန္ဓာကို ရောဂါတစ်ခု

ဝင်ရောက်ပူးကပ်လာပါတော့တယ်

အဲဒါကတော့ ညဘက်တွေ

အိပ်မပျော်တဲ့ရောဂါပါ............

ညရောက်မှာကို ...

ကြောက်လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်

စာရေးတဲ့အချိန်ကို ညမဟုတ်တော့ဘဲ

နေ့ပြောင်းလိုက်ရတယ်.........

ပဉ္ဓလက်ရွာကြီး ပြီးသွားတဲ့နေ့က

ကျွန်တော်လွှတ်ပျော်ပေါ့ဗျာ

ကျွန်တော်လုပ်နိုင်ခဲ့ပြီလေ

ဒါနဲ့ပြီးသွားရောလားဆိုတော့ မဟုတ်သေးပါဘူး

ဘဝစာမေးပွဲက ကျွန်တော့်ကို

အချိန်အကြာကြီးစစ်ခဲ့တာပါ.....

မိုးရွာသော နေ့တနေ့ရဲ့ ညနေမှာ

အိမ်ကို (producer) တယောက် ရောက်လာတယ်

လက်ထဲမှာ ဝတ္တုလေးတစ်အုပ်လဲ ပါလာပါတယ်

တခြားဝတ္ထုတော့ မဟုတ်ပါဘူး

ကျွန်တော့်ရဲ့ ပဉ္ဓလက်ရွာဝတ္ထု လေးပါ

ပဥ္ဓလက်ရွာ မှာ ကျွန်တော့်တာဝန်က

ဝတ္ထုဇာတ်ညွန်း/ ဒါရိုက်တာ အဖြစ်

တာဝန်ယူရိုက်ကူးခဲ့တာပါ...

ပဉ္ဓလက်ရွာ ရုပ်သံဇာတ်လမ်းတွဲသည်လဲ

ပဉ္ဓလက်ရွာဝတ္ထု ကို အခြေခံ၍

အရသာ အသစ်တစ်မျိုး ထွက်အောင်

ဖန်တီး ဆန်းသစ်ထားခြင်း ဖြစ်ပါသည်..........

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။