Books /သိုးဆောင်း
မုဆိုးမရွာ (သိုးဆောင်း) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
ဟိုး..လွန်ခဲ့သော ကာလတစ်ခုစီက အမျိုးသမီးများသာ နေထိုင်သည့် ရွာလေးတစ်ရွာသည် စောင်းအိုလေးတစ်လက်နှင့်အတူ လှပသော မြစ်ကမ်းတစ်ခု၏ဘေးတွင် ဖြစ်တည်ခဲ့ဖူးလေသည်။ ထိုရွာလေးသည် နေထိုင်သူလူဦးရေအပေါ်တွင် အလွန်မှအရေးထားသော ရွာလေးဖြစ်၏။
နေထိုင်သူရွာသူများသသည် ဆန့်ကျင်ဘက် အရောင်အတွဲအစပ် များကိုသာ ဝတ်ဆင်လေ့ရှိသော ရက်ကန်းသမလေးများလည်း ဖြစ်သည်။ ထို့အတွက် ထိုရွာကို ရက်ကန်းရွာဟုလည်း ခေါ်ဆိုနိုင်ပါသည်။ သူမတို့သည် ''မြောက်ကျွန်းသူ''ဟု ခေါ်ရလောက်အောင် အလွန်တရာလှပကြရာ ပတ်ဝန်းကျင်၏ ဂရုစိုက်မှုကို ပြင်းပြင်းပြပြရရှိထားသူများလည်း ဖြစ်၏။ ပြီးတော့ သူမတို့သည် ရွာ၏ဓလေ့ထုံးစံများကိုလည်း အလွန်မှ ရိုသေ ကိုင်းရှိုင်းကြပါသည်။
ရွာလေး၌ ကြည်သောအဆင်းရှိသည့်ရေနှင့် သုဿာန်တစ်ခု ရှိသည်။ ထိုရွာလေးသည် အထွန်း၊ ပုတိ၊ ရာဇ၊ ဘင်္ဂ၊ မရဏ၊ အဓိပတိ၊ သိုက် ဟူသော အဖွားဆိုင်ရာ အမည်နာမနှင့် လင်္ကာတစ်ပုဒ်ပေါ်တွင် အခြေ တည်ထားပါသည်။ သူ့တွင် ထင်ရှားသောမြေပုံတစ်ချပ်နှင့် သူ့ကို အထူးပြုသည့် ဝိသေသစကားများသည်လည်းရှိသည်။
'' နံပါတ်မစုံကာ သုညကမ္ဘာ ခံပါတစ်လျှောက်လုံး ၊
နံပါတ်စုံက ကြိုးစားကြ ဖွေရှာသူတို့သုံး ၊
နားနဲ့လည်းမြင် ဉာဏ်နဲ့ဆင် မီရာစောင်းကြိုးပြတ်လိမ့်မည် ။
အာရုံမလင်းခင် အရောက်ဝင် ရွှေစေတီသို့ နီးလိမ့်မည် ။ ''
တကယ်တော့...မြောက်ကျွန်းပုံပြင်သည် ပုံပြောသူ၏ စေညွှန်ရာ အတိုင်းသာ အရာရာဖြစ်ပျက်လေ့ရှိသည်။
ထိုအရာသည်...မနက်ခင်းတစ်ခုမှာ မွေးဖွားသန့်စင်လာခဲ့ပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page