• IMG20231020091744
  • IMG20231020091758
  • IMG20231020091856
1

Books /သိုးဆောင်း

သူဘယ်သူလဲ(သိုးဆောင်း) Burmese Book

Regular price
RM 22.00
Sale price
RM 22.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်လေးက thinking တွေ အများကြီးပါတဲ့ ဝတ္ထုလေးပါ၊ ပုံမှန်ဝတ္ထုတွေနဲ့ မတူတာက.........
မင်းသမီးကို နောက်ဆုံးမှသိရတာရယ်၊ မင်းသမီး ဘယ်သူလဲ ဆိုတာ စာဖတ်သူကိုယ်တိုင်ပါ လိုက်ရှာနေရတဲ့ အဖြစ်မို့......အတွေးအခေါ် ဒဿနတွေနဲ့ ပြည့်နှက်နေတဲ့
စာအုပ်ကောင်းလေးတစ်အုပ်ပါ..........

ကောင်လေးနှစ်ယောက်ကို ကောင်မလေး တစ်ယောက်က ပဟေဠိ တွေပေးပြီး အရူးလုပ်တဲ့ ပုံလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဖတ်ကြည့်ရင် ကြိုက်မှာပါ ၊ ဗဟုသုတရစရာတွေလဲ အများကြီးပါတာမို့ ဆရာ သိုးဆောင်းရဲ့ ပရိတ်သတ် တစ်ယောက်ဆို ဒီစာအုပ်က ခင်ဗျားအတွက်ပါပဲ..........

အပြာရောင်ငှက်တွေလိုပဲ တောင်ပံကို
အားပြုရင်း ပျံသန်းလိုက်ချင်ရဲ့...
ဒါမှ မင်းရဲ့ ကျော့ကွင်းကို အပေါ်စီးက
ကြည့်နိုင်မယ်လေ။
မင်း...ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘာလုပ်လဲ...
Lola (လိုလာ) လို့ ရေရွတ်ရင်း
အာရုံပြုကြည့်မိတော့...
သြော်...မင်းက သက်တံ့ပေါ်မှာ
ကဗျာလွတ် ကနေတာကိုး................

မနက်ဖြန် ဆိုတာ မသေချာပါဘူး
ဒါပေမယ့်...
ကြိုးစားသူတိုင်းအတွက်
မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်..........

ပန်းတိုင်သိပြီး ပြိုင်ဘက်မရှိတာနှင့်
ပြိုင်ဘက်ရှိပြီး ပန်းတိုင်မသိတာ.....
အဲဒီ နှစ်ခုမှာ
သင်...ဘာကို ရွေးမလဲ?

ချစ်ကြိုက်၊ လွမ်းဆွေး၊ အပူ၊ အအေး
အကုန်ရသည့် ဆိုင်လေးတစ်ဆိုင် ရှိလေသည်။

ဆိုင်နာမည်လေးက " Thinking " ...
လွယ်လွယ်ခေါ်ရရင်တော့ အတွေးအခေါ် ဆိုင်လေးပေါ့။
အတွေးအခေါ်ဆိုင်ဆို၍...
အတွေးအခေါ် ရောင်းစားသောဆိုင်ဟု
မထင်လိုက်ပါနှင့်...
သာမန် Cafe & Snacks Bar ဆိုင်လေးဖြစ်ပါသည်။
မြို့ပြကိုမှီ၍ မှိုလိုပေါက်လောက်အောင် ပေါများလှသော
အလားတူဆိုင်များထဲမှ ဆိုင်လေးတစ်ဆိုင်ပါ။
ဒါပေမယ့်...
ထို " Thinking " ဆိုင်လေးက အများနှင့်မတူဘဲ
တစ်မူထူးနေပါသည်။

ဆိုင်နေရာ အခင်းအကျင်းလေးက
လမ်းဆုံလမ်းခွကျသည်။
စီးပွားရေးလုပ်လို့ကောင်းသည်။
ညာဘက် ခပ်လှမ်းလှမ်းတွင် " Kiss " အမည်ရှိသော
Mini Market တစ်ခုရှိ၍၊ ဘယ်ဘက်ခပ်လှမ်းလှမ်းတွင်
" ဇွတ်ကြီးပဲ " အမည်ရှိသော တည်းခိုခန်းတစ်ခု
ရှိလေသည်။
ပြီးတော့... မျက်စောင်းထိုးတွင် " ဘာလာလာ ဒါပဲ "
အမည်ရှိ အမျိုးသားသီးသန့် " Beauty Saloon "
တစ်ခုနှင့်...
ရှေ့တည့်တည့်တွင်ကား " Triangle " အမည်ရှိသော
အထူးကုဆေးခန်းတစ်ခု ရှိလေသည်။
ကဲ...ဘယ်လောက် စီးပွားရေးလုပ်လို့ ကောင်းသနည်း။

" Thinking " ဆိုသောဆိုင်လေး၏
မလှမ်းမကမ်းနေရာတွင် ကောင်လေးတစ်ယောက်က
ကောင်မလေးတစ်ယောက်ကို ရည်းစားစကား
လိုက်ပြောနေသည်။
ကောင်မလေးပုံစံက လန်းသည်၊ ဆန်းသည်။ ရွှေအိုရောင်
ဆံပင်ပျော့ပျော့နှင့် ဝင်းမွတ်သောမျက်နှာက
ဥရောပဆန်ဆန် ကျက်သရေရှိနေသည်။ ကောင်လေးပုံစံက ဂေါ်လီ။ ဂေါ်လီ အကြီးစားတော့မဟုတ်။ ဝတ်စားပုံ၊
သွားလာပုံ စတိုင်ကျသော ဂေါ်လီအသေးစားလေး...

ဒီလိုနှင့် " Thinking " ဆိုင်ရှေ့သို့အရောက်တွင်
ကောင်လေးမှာ ဘာစိတ်ကူးပေါက်သွားသည်မသိ...
ဆိုင်ထဲသို့ တစ်ချက်ကြည့်ကာ ကောင်မလေးလက်အား
ဆွဲ၍ စကားပြောတော့သည်။

ဒီမှာတင် ဇာတ်လမ်းက စပါတော့၏...။

" ငါ နင့်ကို အရမ်းချစ်တယ် "ဆေတန်" ရာ... ၊ ငါ့စကားကို ဒုတိယအကြိမ် ထပ်လက်ခံပေးပါ "

" ဖြန်း..." ဟူသောအသံမှာ အနီးအနားမှ " ခို " တွေထပျံပြေးသွားသည်အထိ အရှိန်အဟုန် ပြင်းသွားလေသည်။

" ပါး " ဆိုတာ ဆန့်ကျင်ဘက် အဓိပ္ပါယ်နှစ်ခု ပေါင်းစပ်ထားတဲ့ အဖြူသက်သက် အရေပြားတစ်ချပ်ပါ။

ချစ်ရင်လဲ သူ့ကို နမ်းတယ်။
မုန်းရင်လဲ သူ့ကို ရိုက်တယ်။

ပထမအကြိမ် ဆိုရင် ဆုံဆည်းခြင်း...
ဒုတိယအကြိမ် ဆိုရင် တိုက်ဆိုင်ခြင်း...
တတိယအကြိမ် ဆိုရင်......

" ယောက်ျား၊ မိန်းမ၊ ယောက္ခမ၊ ယောက်ဖ တို့၏
လျို့ဝှက်ချက်... " တဲ့... ။
" ယောက်ျားတစ်ယောက်ဟာ မိန်းမယူတော့မယ်ဆိုတာနဲ့
အရင်ဆုံးလေ့လာရမှာက ကိုယ်ယူမယ့် မိန်းကလေးကို
မဟုတ်ပါဘူး၊
အဲဒီမိန်းကလေးမှာ ကိုယ်တော်ရမယ့် ယောက္ခမ နဲ့
ယောက်ဖ ရှိမရှိဆိုတဲ့ အချက်ပဲ...၊ ယောက္ခမ နဲ့ ယောက်ဖ
နှစ်မျိုးလုံး မရှိဘူးဆိုရင်တော့ ဘာမှစဥ်းစားမနေပါနဲ့...
ချက်ချင်းသာယူလိုက်ပါ၊
အဲ...အဲလိုမှမဟုတ်ဘဲ နှစ်မျိုးလုံး ရှိနေမယ်ဆိုရင်တော့
စဥ်းစားရပါတော့မယ်၊ ဘာဖြစ်လို့လဲဆိုတော့
သူတို့သာရှိနေရင် ကိုယ့်အိတ်က တစ်ကြိမ်မဟုတ်
တစ်ကြိမ်တော့ လှုပ်တော့မှာမို့လို့ပါ..."

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။