• IMG20231018171925
  • IMG20231018171933
  • IMG20231018172034
1

Books /သိုးဆောင်း

ဟာမစ်တ် ပျောက်ဆုံးခြင်း (သိုးဆောင်း) Burmese Book

Regular price
RM 22.00
Sale price
RM 22.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

" ဟိုကျောက်တုံးပေါ်မှာ ကျွန်မအဝတ်တွေ ချွတ်ထားတယ် ၊ အဲဒါတွေ ကျွန်မဆီ ယူလာပေးပါလား"

" စိတ်မကောင်းပါဘူး မိန်းကလေး ၊ ဒါတွေက မင်းခြေ မင်းလက်နဲ့ မင်းကိုယ်တိုင် လုပ်ရမယ့် အရာတွေပါ"

မင်း အခု အသက်ရှင်နေရတဲ့ ဘဝကို

ပျော်စရာကောင်းတယ်လို့ တွေးလား

စိတ်ညစ်စရာလို့ တွေးလား ???

" အခုဆို ကမ္ဘာကြီးက

အရင်လို ပျော်စရာကောင်းတဲ့

အရပ် မဟုတ်တော့ဘူးလေ...........

နေရာတိုင်းမှာ စစ်တွေ ဖြစ်နေတယ် ၊

ရာသီဥတုတွေ ဖောက်ပြန်နေတယ် ၊

အားကြီးတဲ့သူက အားနည်းတဲ့ သူကို

အနိုင်ကျင့်တယ် .........

ကြီးနိုင်ငယ်ညှဥ်း စိတ်ဆိုတာ

အရင်က တိရစ္ဆာန်တွေမှာပဲ ရှိကြတာ ၊

အခုတော့ အဲဒါက လူတွေရဲ့

ဓလေ့ ထုံးစံတစ်ခု ဖြစ်သွားပြီ ၊

ကြီးနိုင်ငယ်ညှဥ်းရုံ မဟုတ်ဘူး

လူလူချင်း သတ်လာကြပြီ ၊

သူ့ထက်ငါ ဦးအောင်သတ်ဖို့

လက်နက် အသစ်အဆန်းတွေ တီထွင်လာပြီ ၊

မကြာပါဘူး..........ကမ္ဘာကြီးက

ကပ်ဘေး အမျိုးမျိုးနဲ့

သုဿန်တစ်စပြင်လို ဖြစ်တော့မှာ ၊

အခု ငါသွားနေတဲ့ လမ်းက

အဲဒီ ဒုက္ခတွေကို ရှောင်ကွင်းတဲ့ လမ်းပဲ.........


လောဘနဲ့အကြောက်တရား ညှပ်တိုက်ပါက မည်မျှကြီးကျယ်သော ပုဂ္ဂိုလ်မဆို ကျဆုံးရသည်..........

ဘာကို ကြောက်သနည်း..? ။

ညရောက်လာမှာကို ကြောက်သည်...၊

အိပ်ရမှာကို ကြောက်သည်...၊

အိပ်ပျော်မှာကို ကြောက်သည်...၊

တောင်ကုန်းတစ်ခုနဲ့ သားအဖနှစ်ယောက်ကို

ကြောက်သည်...၊

ရသေ့ကြီးကို ကြောက်သည်...၊

သည်းခြေပျက် ရူးသွားမှာကို ကြောက်သည်...၊

မနက်က ဝိုင်းရိုက်ခဲ့သော လူတွေကို ကြောက်သည်...၊

ယခု...The Hermit ပျောက်သွားမှာကို ကြောက်ရပြန်ပြီ။

သူ ကျဆုံးတော့မှာလား...။

အမှန်က ကျဆုံးတော့မှာ မဟုတ်၊

ကျဆုံးပြီးသွားတာပါ...။


ကိုယ်လုပ်မှ ကိုယ်ရခြင်းသည်

ဘယ်ကမ္ဘာမှာမဆို

အမြဲတမ်းမှန်ကန်သော

တရားတစ်ခု ဖြစ်နေသည်လေ။


မြင်အောင်ကြည့်ပါ...။

အဆုံးကိုသိပါ...။

အဆုံးဆီသွားရင်းနဲ့...

အစထဲ ပြန်ရောက်သွားတတ်သည်။


လောက က တဖြည်းဖြည်း ညစ်ညမ်းလာခဲ့ပြီလေ...။

လူတွေကြားမှာ သူတို့ ဆက်နေရန် မဖြစ်နိုင်တော့...။

သူ အဆုံးကို ရောက်ခဲ့၏။

အဆုံးကိုလည်း သိခဲ့ပြီ။

ဆက်လျှောက်ရမည့် လမ်းသည်ကား............ 

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။