• 349793706_920757852536699_6150594800271232963_n
  • IMG_20230614_230831
  • IMG_20230614_230902
1

Books /ကတ်စပါဇော်

လူမကြိုက်တာခံရဲတဲ့သတ္တိ (ကတ်စပါဇော်) (Burmese Book)

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လူမကြိုက်တာခံရဲတဲ့သတ္တိ  (ကတ်စပါဇော်) (Burmese Book)

• ဒီစာအုပ်က အကြမ်းစားစိတ်ပညာပဲ၊ ပြောင်းပြန်စိတ်ပညာပဲ၊ တော်လှန်တဲ့ စိတ်ပညာပဲ၊ ရက်စက်တဲ့ ဒဿနပဲ၊ အသုံးချစိတ်ပညာပဲ၊ သတ္တိရှိရတဲ့စိတ်ပညာပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့စိတ်ပညာပဲ။

• စိတ်ပညာနယ်ပယ်က ဖရိုဒ်၊ ယွန်းဂ် တို့နောက် တတိယမြောက်နာမည်ကျော် အက်ဒလာရဲ့ အတွေးအမြင်အဆီအနှစ်တွေကို ထုတ်ယူထားတဲ့စာအုပ်ပါ။ စိတ်ပညာအကြောင်း တီးမိခေါက်မိရှိထားသူတွေအနေနဲ့ကတော့ ဖရိုဒ်ကို သိပြီးသားဖြစ်ကြမှာပဲ။ အက်ဒလာကိုတော့ ကျနော်လည်း မသိခဲ့ပါဘူး။ အက်ဒလာကလည်း လူတွေ သူ့နာမည်ကို မေ့သွားလိမ့်မယ်လို့ ပြောခဲ့တာသိရတယ်။ ဘာလို့ဆို သူ့အတွေးအမြင်ဒဿနတွေက ပညာရပ်‌နယ်ပယ်မှာပဲ တန့်မနေဘဲ လူတွေအသုံးပြုကြတဲ့ ဒဿနဖြစ်သွားမှာမို့ပဲတဲ့။ ဟုတ်တယ်၊ အက်ဒလာစိတ်ပညာက အသုံးချစိတ်ပညာ၊ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲတဲ့စိတ်ပညာပဲ။

• ဒဿနပညာရှင်အဘိုးကြီးနဲ့ လူငယ်လေးတစ်ယောက် အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံနဲ့ရေးထားပြီး အသက်ဝင်လှုပ်ရှားနေတယ်။ အဘိုးကြီးက အက်ဒလာရဲ့ အတွေးအမြင်တွေကို အသုံးပြုဆွေးနွေးပြီးတော့၊ ကျနော်တို့ရဲ့ သံသယတွေ ပြန်မေးချင်တာတွေကို လူငယ်လေးက ကိုယ်စားပြုနေပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။