• IMG_20231007_084118
  • IMG_20231007_084126
  • IMG_20231007_084139
1

Books /တင်ညွန့်

၃၃ (တင်ညွန့်) Burmese Book

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

Burmese Book

  ကျွန်တော့်ဘဝတွင် မမေ့နိုင်သော အရေအတွက်ဖြစ်သည်။

အိန္ဒိယရုပ်ရှင်များတွင် ဆင်းရဲသားလေးတွေကို တန်းလုံးကျွတ်အောင်စေရန် လုပ်ပေးသော ဆရာများ အကြောင်းတွေကို ကြည့်ရပါသည်။

ထိုရုပ်ရှင်တွေက ယခုနောက်ပိုင်းမှ ထွက်လာသည်။ ကျွန်တော်က ထိုရုပ်ရှင်တွေကိုကြည့်ပြီး ပြုံးမိသည်။ 

ရိုးမတောင်ခြေအနီးက ရွာလေးတစ်ရွာတွင် အလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။

ထိုကျောင်းတွင် ၈ တန်း ဖြေဆိုသည့် ကျောင်းသား ၃၃ ယောက်ကို ၃၂ ယောက်အောင်မြင်စေရန် လုပ်ဆောင် ပေးခဲ့သည့် အညတရ ဆရာ၊ ဆရာမလေးတွေသည် ၁၉၈၇ ဝန်းကျင်လောက်ကတည်းက ရှိခဲ့သည်။

ထိုခေတ်က ၈ တန်းသည် အစိုးရစစ်ဖြစ်သည်။  

၃၃ ယောက်တွင် အောင်မြင်သူက ၃၂ ယောက်။ 

၁ ယောက်သာ ကျရှုံးသည်။

အောင်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ၉၆.၉၆ ရာခိုင်နှုန်းဖြစ်သည်။

ထိုရွာလေးတွင် ထိုအောင်ချက်မျိုး ထိုစဉ်က မရှိခဲ့ဖူးပါ။

လမ်းစဉ်ပါတီခေတ်က ထိုရွာလေးနှင့် ထိုဆရာများသည် သူတို့ကျောင်းသားတွေ အောင်မြင်ရေး အတွက်သာ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ဆုတံဆိပ်တွေလည်း မမျှော်လင့်ခဲ့ကြပါ။ တိုင်းနှင့်မြို့နယ်အဆင့် တွေက စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၀ မပြည့်ဟုဆိုကာ ထိုရွာကလေး၏ အောင်ချက်ကို စာရင်းထဲပင် ထည့်မတွက် ကြပါ။ ကလေးတွေအား မည်သည့် ချီးကျူးဂုဏ်ပြုခြင်းကိုမျှလည်း မရခဲ့ကြပါ။ ယခုတော့ ထိုကလေးတွေမှာ အသက် ၅၀ ဝန်းကျင်တွေ ဖြစ်နေလောက်ပြီ။

ထိုအကြောင်းတွေမှာ အမှတ်ရစရာများအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဆိုသော်လည်း တစ်နေ့မျှ မေ့မရပါ။ သူတို့ရေးခဲ့သည့် သမိုင်းကတော့ ရှိနေပါသည်။

ကျွန်တော်သည် ထိုအကြောင်းကို ဝတ္ထုတစ်အုပ်အနေဖြင့် ရေးရန် အားထုတ်နေခဲ့သည်မှာ ကြာပါပြီ။ သို့သော် “ရိုးမပေါ်မှာကျတဲ့မျက်ရည်” စာအုပ်ကိုသာ ရေးနိုင်ခဲ့သည်။ ထိုစာအုပ်ထဲတွင် တစ်စွန်းတစ်စလေးတော့ ဖော်ပြခဲ့သည်။ ၃၃ ယောက်နှင့် ပတ်သက်ခဲ့သမျှတွေကတော့ မရေးနိုင်ခဲ့ပါ။

ညက ဒိုင်ယာရီဟောင်းတွေကြားတွင် ဓာတ်ပုံလေးတွေ ပြန်တွေ့သည်။

ထိုဓာတ်ပုံတွေကို ရိုက်ပေးသည့် သူငယ်ချင်း ရွှေကြက်ဥ (သိန်းဆွေ) ကား ဤလောကကြီးတွင် မရှိတော့ပါ။

လူတစ်ယောက် လောကကြီးတွင် မရှိတော့လျှင် သေသည်ဟု ပြောကြသည်။

ထိုသူ သေခြင်း၊ မသေခြင်းသည် သေသူနှင့် မဆိုင်တော့ပါ။ ရှင်သူနှင့်ဆိုင်သည်။ ရှင်နေသူတွေ၏ရင်ထဲတွင် ထိုသူသည် ရှိနေလျှင် ထိုသူသည် မသေပါ။ ရှင်သူတွေရင်ထဲတွင် ထိုသူမရှိလျှင် ထိုသူသေပြီ။ မည်သူရေးမှန်းမသိ ကျွန်တော် ဖတ်ဖူးသည့် ထိုစာတန်းလေးကို အမှတ်ရနေမိသည်။

ကျွန်တော့်တပည့်တွေ ၃၃ ယောက်

သေသူတွေ သေကုန်ကြပြီ၊ ရှင်သူတွေပင် ၅၀ ဝန်းကျင်တွေလောက် ဖြစ်ကုန်ပြီထင်သည်။

ကျွန်တော့်ရင်ထဲတွင် ထာဝရ ရှိနေသည်။

ကျွန်တော်နှင့်အတူ အပင်ပန်း အဆင်းရဲခံကာ လုပ်ဆောင်ခဲ့ကြသော ဆရာတွေ ဆရာမတွေကလည်း ကျွန်တော့်ရင်ထဲတွင် ထာဝရရှိနေသည်။

ဓာတ်ပုံလေးတွေက ကျွန်တော့်ကို တစ်ခုခု ရေးစေချင် ပြောစေချင်သည်။

ပြောတတ်သူ၊ ပြောနိုင်သူက မပြောလျှင် ထိုအကြောင်းအရာတွေက မေ့ပျောက်သွားလိမ့်မည်။

ကျွန်တော် သူတို့ကိုယ်စား ပြောပါမည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။