Books /ပုညခင်
မြကျေးရုံတို့ ပုဂံရွှေပြည်(ပုညခင်)
- Regular price
- RM 60.00
- Sale price
- RM 60.00
- Regular price
-
RM 0.00
Share
This book is written by Burmese language and especially for Burmese workers who are going to work abroad .
🌸မြကျေးရုံတို့ပုဂံရွှေပြည်ဟာ ဘယ်လိုစာအုပ်အမျိုးအစားလဲ..🌸
နိုင်ငံတကာမှာတော့ ဒီလိုစာအုပ်မျိုးကို မူလဝတ္ထုကို ပိုပြီးအရသာရှိအောင်၊ မူလဝတ္တုရဲ့နောက်ခံသမိုင်းကြောင်းတွေကို ပိုပြီးပြည့်ပြည့်စုံစုံ ဗဟုသုတ ရရှိအောင် ဖြည့်စွက်ပေးတဲ့စာအုပ်မျိုးဖြစ်လို့ Companion Book လို့သတ်မှတ်ပါတယ်။
စာဖတ်သူတွေက ဝတ္ထုပါ ဇာတ်ကောင်တွေကိုသံယောဇဉ်တွယ်တဲ့အခါ စာရေးဆရာတွေက ခုလိုမျိုးဖြည့်စွက်စာအုပ်တွေ ရေးသားထုတ်ဝေပေးလေ့ ရှိပါတယ်။
သမိုင်းဝင်နေရာတွေကို အခြေခံတဲ့ ဝတ္ထုတွေမှာလည်း ခရီးသွားလမ်းညွှန်သဘောမျိုးမှာမှ ဝတ္ထုအရသာပါပေါင်းစပ်ပြီး သရုပ်ဖော်ပုံတွေနဲ့အတူ Illustrated Editions တွေ ထုတ်ဝေလေ့ရှိပါတယ်။ဗဟုသုတနဲ့ အနုပညာကို ပေါင်းစပ်ရေးသားထုတ်ဝေခြင်းလို့ ဆိုနိုင်ပါတယ်။
မြကျေးရုံတို့ပုဂံရွှေပြည်ဟာ ပုဂံအကြောင်းကို ပုဂံဘုရားပုံပန်းချီတွေနဲ့အတူ အကျယ်တဝံ့ဖော်ပြပေးတဲ့အတွက် စာဖတ်သူတွေကို ယဉ်ကျေးမှုအမွေအနှစ်ကိုချစ်
မြတ်နိုးတဲ့စိတ်ကို ဖြစ်စေပါတယ်။
ဒီလိုဖြည့်စွက်စာအုပ်ထုတ်ဝေလိုက်တဲ့အတွက် မူလဝတ္ထုက ဇာတ်ကောင်တွေဟာ ဇာတ်သိမ်းမှာမပေါင်းဆုံရဘူးလို့ယူဆပြီး စိတ်မကောင်းဖြစ်နေကြတဲ့စာဖတ်သူတွေကို သူတို့ချစ်တဲ့ဇာတ်ကောင်တွေရဲ့ငယ်ဘဝအဖြူထည်အချိန်လေးတွေကို အလွမ်းပြေပြန်ပြပေးခြင်းအားဖြင့် စိတ်သက်သာရာရစေပါတယ် ။
ဒါ့ကြောင့်ဒီလိုစာအုပ်မျိုးတွေကို Legacy Edition အဖြစ်သတ်မှတ်ကြပြီး ဝတ္ထုတစ်အုပ်ထက်ပိုတဲ့ စုဆောင်းသင့်သောပစ္စည်း( collectible) အဖြစ်သတ်မှတ်ကြပါတယ်။
နိုင်ငံတကာမှာတော့ Literary phenomenon ဆိုတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ် ။ Literary phenomenon ဆိုတာ ရိုးရိုးတန်းတန်း စာအုပ်ရောင်းကောင်းရုံထက် ပိုပြီးနက်ရှိုင်းတဲ့အခြေအနေတစ်ခုကို ဆိုလိုတာပါ ။ ဒီစကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရရင် လူမှုအသိုက်အဝန်းအတွင်း အုတ်အော်သောင်းနင်းဖြစ်သွားစေတဲ့ထူးခြားသောဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ် ။
ဒီလိုအခြေအနေရောက်ဖို့အတွက် အချက်၃ချက်နဲ့ကိုက်ညီရပါတယ်။
၁။ Beyond the book (စာအုပ်ဘောင်ထက်ကျော်လွန်၍)
စာအုပ်ဟာ စာအုပ်ဆိုတဲ့ဘောင်ကိုကျော်လွန်ပြီး စာဖတ်သူတွေရဲ့နေ့စဉ်ဘဝနဲ့ နှလုံးသားထဲကိုစိမ့်ဝင်သွားတာမျိုးပါ ။ ဥပမာအားဖြင့် ဇာတ်ကောင်တွေရဲ့နာမည်ကို ကလေးတွေကို မှည့်ခေါ်ကြတာ၊ ဇာတ်ကောင်တွေကိုချစ်ခင် ကရုဏာသက်ပြီး ဇာတ်ကောင်တွေသွားခဲ့တဲ့နေရာတွေကို လိုက်လည်ကြတာ၊ အဲ့ဒီ့ဒေသမှာ Vlogတွေ ရိုက်ပြီး အဲ့ဒီ့ဝတ္ထုအကြောင်းပြောကြတာ ၊ ဝတ္ထုထဲကစကားလုံးတွေကို နေ့စဉ်ဘဝနဲ့လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာသုံးစွဲလာကြတာ .. စတဲ့အခြေအနေတွေဖြစ်ပါတယ် ။
၂။ long-term impact ( အချိန်ကာလတစ်ခုအထိ ခိုင်မြဲခြင်း)
ခဏတာခေတ်စားပြီး ပျောက်ပျက်မှေးမှိန်သွားတာမျိုးမဟုတ်ဘဲ နှစ်ရှည်လများကြာတဲ့အထိ စွဲလန်းနှစ်သက်နေတဲ့စာအုပ်မျိုးကို cultural icon ဖြစ်တယ်လို့ဆိုပါတယ် ။ဒါဟာလည်း Literary phenomenon ရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။
၃။စာဖတ်သူတွေရဲ့ စိတ်ခံစားမှုကိုပြင်းထန်စွာလွှမ်းမိုးနိုင်ခြင်း
ဇာတ်ကောင်တွေအပေါ် တကယ်ရှိနေတဲ့လူသားတွေလို သံယောဇဉ်တွယ်နေကြတာဟာ စာရေးဆရာရဲ့ခံစားဖန်တီးမှုက စာဖတ်သူရဲ့နှလုံးသားကို အနိုင်ရသွားတာလို့ ဆိုနိုင်ပါတယ် ။
ဒါ့ကြောင့် မြကျေးရုံတို့ပုဂံရွှေပြည်ဟာ စာဖတ်သူတွေရဲ့နှလုံးသားမှာ ၈နှစ်တိုင်သည်အထိ ရှင်သန်နေဆဲဖြစ်တဲ့ လက်ကျန်လရောင် ဝတ္ထုကို ပိုပြီးအရသာရှိအောင် အနုပညာနဲ့ဗဟုသုတ ပေါင်းစပ်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကိုပိုမိုထိတွေ့မြတ်နိုးစေကာ စာဖတ်သူတွေရဲ့ဝေဒနာကိုဖြေသာရာရအောင် အလွမ်းပြေ ဖြည့်စွက်ရေးသားထုတ်ဝေလိုက်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
#ပုညခင်
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page