• IMG_20230903_214311
  • IMG_20230903_214417
  • IMG_20230616_203352
1

Books /Nayvel

Petrichor (နေဗလ်) Burmese Book

Regular price
RM 22.00
Sale price
RM 22.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products
ကျွန်တော်တို့ချစ်ရတဲ့သူတွေဆီမှာလေ.....။
ကျွန်တော်တို့ထက်ပိုချစ်ရတဲ့တစ်စုံတစ်ယောက်ရှိနေတဲ့ ခံစားချက်မျိုး
ကြုံဖူးလား။အဲ့တစ်စုံတစ်ယောက်ဟာ သူတို့ရဲ့အချစ်ဟောင်းလည်းဖြစ်နိုင်တယ်၊ရင်ခွင်ဟောင်းတစ်ခုလည်းဖြစ်နိုင်တယ်၊အဆုံးစွန် ပထမလူတစ်ယောက်လည်း ဖြစ်နိုင်တာ။
ဒုတိယလူမဟုတ်တဲ့အရံလူတစ်ယောက်ရဲ့ရင်ခွင်ထဲကိုခဏဝင်ကြည့်ဖူးလား။ ဘာမှမဟုတ်တဲ့သူတစ်ယောက်လည်းဖြစ်သွားနိုင်တာပဲ။
ကျွန်တော်တို့ကို  ချစ်မြတ်နိုးပေမဲ့ အတိတ်ကသူရဲ့အချစ်ဟောင်းလောက် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့တပ်အက်သိနေခဲ့တာမျိုးလေ..။
ကိုယ့်ကိုချစ်လား...မေးလိုက်တိုင်း သူ့နှုတ်ဖျားက ချစ်တယ်လို့
ဖြေလိုက်ပေမဲ့ သူ့မျက်ဝန်းတွေက တစ်စုံတစ်ယောက်ကိုသတိရသွား
ကြောင်း..ကျွန်တော်တို့မြင်တွေ့လိုက်ရတာမျိုး။
နှစ်ယောက်အတူတူ မုန့်သွားစားတဲ့အခါမျိုးမှာလည်း အဲ့တစ်စုံတစ်
ယောက်သိပ်ကြိုက်တယ်လို့ထင်ရတဲ့မုန့်တစ်ခုခုမြင်လိုက်ရတဲ့အခါ
သူ့မျက်နှာဟာ ဝမ်းနည်းရိပ်တွေ သန်းလာတာမျိုးပေါ့။
သိမ်ငယ်စရာတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်..။
ကျွန်တော့်ကိုသူဖျော်တိုက်ဖူးတဲ့ကော်ဖီလေးတစ်ခွက်နဲ့တင်
ကျွန်တော်ဟာ..တစ်လောကလုံးကိုအပိုင်ရလိုက်သလို ခံစားနေရပေမဲ့
အိပ်ရေးသိပ်ပုတ်တဲ့သူက သူ့အချစ်ဆုံးပါဆိုတဲ့သူတစ်ယောက်အတွက်
မနက်စာ ထမင်းဘူးလေးတွေပါပြင်ဆင်ပေးတတ်တာမျိုးပေါ့။
ကြာပါပြီကွာဆိုတဲ့စကားနဲ့အစချီရင်း အဲ့တစ်စုံတစ်ယောက်အကြောင်း
သူပြောပြတဲ့အခါ...
ဝေးသွားလည်းချစ်နေဦးမှာပါဆိုတဲ့ သူ့မျက်ဝန်းတွေကပဲ့တင်သံကို
ကျွန်တော်ကြားလိုက်ရတယ်..။
ကိုယ့်ချစ်သောလေး...အဲ့လောက်ချစ်တတ်မယ်မှန်း တကယ်မသိခဲ့ဘူး
သူ့ရင်ခွင်ဟောင်းအကြောင်းကိုပြောတိုင်း..သူ့မျက်ဝန်းတွေက
သိပ်ကိုလေးနက်ပြီးမြတ်နိုးနေတာ ကျွန်တော်မြင်ရတယ်..။
ကျွန်တော့်ကိုယ်တောင်အဲ့လိုမျက်ဝန်းတွေနဲ့ သိပ်မကြည့်ဖူးဘူး။
အဲ့လ်ုလူမျိုးဆီက ရုန်းထွက်လိုက်သင့်တယ်လို့ ခင်ဗျားပြောမလား။
ထပ်ရှင်းရမယ်ဆို...သူက ကျွန်တော့်ကိုမချစ်တာတော့မဟုတ်ဘူး
သူ့အချစ်ဆုံးက ကျွန်တော်မဟုတ်ရုံလေးပဲ။
နေ့ရက်တိုင်းမှာ..ကျွန်တော့်နားမှာရှိနေမယ်..။
ကျွန်တော့်လက်တွေကိုဆုပ်ကိုင်ထားချင်ထားမယ်..။
ကျွန်တော့်ကိုရင်ခွင်ထဲထည့်ထားရင်ထားမယ်..။
သူ့နှလုံးသားထဲမှာလည်း ကျွန်တော်ရှိနေပါတယ်။
ဒါပေမဲ့....သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုမှာတော့
အဲ့တစ်စုံတစ်ယောက်ကရှိနေတုန်းပဲ...။
သူက..ရင်ဘတ်အပေါက်နဲ့သူတစ်ယောက်။
ဒဏ်ရာတွေဗလပွနဲ့ လူတစ်ယောက်။
ကျွန်တော့်ကို သိပ်ကြင်နာတတ်တဲ့မျက်ဝန်းတွေနဲ့အမြဲ ကြည့်တတ်တဲ့
အဲ့မျက်ဝန်းနက်တွေထဲမှာလည်း နာကျင်လွမ်းဆွတ်မှုတွေ အမြဲရှိနေတဲ့
တစ်စုံတစ်ယောက်ကို နှလုံးသားထဲက ထုတ်ပစ်နိုင်ပုံမရတဲ့ 
လူတစ်ယောက်။
ချစ်ခြင်းမေတ္တာနဲ့အတူ ကပ်လျက်ပါလာတဲ့ဝဋ်ကျွေးတစ်ခုဆိုတော့လည်း..နာကျင်ရတာနဲ့အမျှချစ်မြတ်နိုးမိနေတာပါပဲ။
သူက...သူ့အချစ်ဟောင်းဆီကိုပြန်သွားမှာလည်းမဟုတ်ဘူး
ကျွန်တော့်ကိုမချစ်တာလည်း..မဟုတ်ဘူး။
ဒါပေမဲ့...သူ့အချစ်ဆုံးကတော့ ကျွန်တော်မဟုတ်ဘူး။
ကျွန်တော်သိပ်ချစ်တဲ့နေမင်းကြီးဆီမှာ...သူသိပ်ချစ်တဲ့လမင်းလေး
ရှိနေတာလည်းမထူးဆန်းပါဘူး။ကြယ်ဆိုတာ လမင်းနဲ့ယှဉ်တဲ့အခါ
အမှုန်အမွှားလေးပဲ။
ဟိုသီချင်းလေးလိုပေါ့...
"သူသိပ်ကံကောင်းတယ်ပြောရမယ်..မင်းအတွက်သူက
ကြီးမြတ်ပါတယ်......။
ငါသိခဲ့သမျှ...ဒါပဲ။''
ကျွန်တော်တို့ချစ်ရတဲ့သူတွေဆီမှာလေ........။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။