• 343491265_934240791059749_3618959407109064356_n
  • 348950129_201021775704106_8924608098519911161_n
  • 346659560_1733078463773643_1522378600172899299_n
1

Books /မြူပါးရ်

ချစ်သော၊ ချစ်မိသော၊ ချစ်ခဲ့ဖူးသော၊ ချစ်လှစွာသော ယောကျ်ားများ (မြူပါးရ်) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ချစ်သော၊ ချစ်မိသော၊ ချစ်ခဲ့ဖူးသော၊ ချစ်လှစွာသော ယောကျ်ားများ (မြူပါးရ်) Burmese Book

မြန်မာ့လူ့အဖွဲ့အစည်းမှာလေ...
“ လက်မထပ်ခင် အပျိုရည်ပျက်တယ်ဆိုတာ ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ ။ ထပ်ထပ်ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်နိုင်ရင် ရေနစ်တတ်တယ် ။ ”
အဖေ နဲ့ ရည်းစားဟောင်းတွေက မိန်းမတစ်ယောက်ရဲ့ အချစ် နဲ့ ဘဝကို ဘယ်လိုလွှမ်းမိုးနိုင်သလဲဆိုတဲ့အကြောင်းပါပဲ ။ အချစ်ထဲက ဘဝ ၊ ဘဝထဲက အချစ်အကြောင်း ရေးထားတာပါ ။ ဆယ်ကျော်သက်မိန်းကလေးတွေကို ဖတ်စေချင်တယ် ။ ဖတ်ပြီးတဲ့အခါ အချစ် နဲ့ ဘဝကို ဘယ်လိုမျှမျှတတကိုင်တွယ်သင့်သလဲဆိုတာကို ဆက်လက်တွေးတောစေချင်ပါတယ် ။
ဒီဝတ္ထုခေါင်းစဉ်ကို ပေးခဲ့တာက Real Lives မဂ္ဂဇင်းရဲ့ထုတ်ဝေသူ ဦးမိုးသန်းချစ်ပါပဲ ။ သူက ကျွန်မကို ရည်းစားများတယ်လို့ ထင်တာလေ ။ ချစ်သော ၊ ချစ်မိသော ၊ ချစ်ခဲ့ဖူးသော ၊ ချစ်လှစွာသော ယောက်ျားများဆိုတဲ့ခေါင်းစဉ် နဲ့ သမီး တွေ့ကြုံဖူးတဲ့ယောက်ျားတွေအကြောင်း ရေးပါလား လို့ သူတိုက်တွန်းခဲ့တာမို့ ရေးဖြစ်ခဲ့တာပါပဲ ။ ဒါပေမဲ့ ရည်းစားဟောင်းတွေအကြောင်းလည်း မဟုတ်ဘူး ။ မြူ့အကြောင်းလည်း မဟုတ်ပါဘူး ။ စိတ်ကူးဖန်တီးထားတဲ့ ဝတ္ထုပါ ။ မြူ ကြုံဖူးသူတွေရဲ့စရိုက်သဘာဝတော့ ပါတာပေါ့လေ ။  ဒါဟာ မြူ့ဘဝရဲ့ ပထမဦးဆုံး ရသဝတ္ထုရှည်ပါ ။ ၂၀၁၈ မတ်လမှာ ပထမအကြိမ် The book house ကနေ ထုတ်ဝေခဲ့ပါတယ် ။ အခု ၅ နှစ်အကြာမှာ ဒုတိယအကြိမ် ပန်းဆက်လမ်းကနေ ပြန်လည်ထုတ်ဝေတာပါပဲ ။ 

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။