• IMG20231024104938
  • IMG20231024104948
  • IMG20231024105002
1

Books /သဟာဆွေလှိုင်း

စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့(သဟာဆွေလှိုင်း) Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

"စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့" စာအုပ်လေးကို စာအပုဒ်ရေ (၆၇) ပုဒ်နဲ့ ဖန်တီးထားပါတယ်။ ဒီစာအုပ်လေးက အဆင်မပြေမှုတွေကို ကျော်ဖြတ်ဖို့နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားဖြစ်စေမယ့် Motivation စာအုပ်လေးပါ။

Motivation ဆို‌ပေမယ့် ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာ‌လေးတွေကို နားလည်လွယ်အောင် ရေးဖွဲ့ထားပါတယ်။

နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တချို့ကို စကားလုံးတွေအဖြစ် ပြောင်းလဲထားပါတယ်။

- မိသားစုအပေါ် တာဝန်ကျေချင်တဲ့သူတစ်ယောက်ဖြစ်ချင်ကြောင်း၊

- ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သန်မာစွာနဲ့ကျော်ဖြတ်ပြီး ပျော်ရွှင်အောင်နေကြောင်း၊

- ပင်ပန်းနေရင်လည်း အားတင်းထားသင့်ကြောင်း၊

- ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေအပေါ် ကျေးဇူးဆပ်ချင်တဲ့အကြောင်း၊

- ဘယ်သူ့ကိုမှ မကောင်းဘူးမပြောဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေတဲ့အကြောင်းတွေ အပြင် လူတချို့ကြောင့် စိတ်တွေပင်ပန်းခဲ့ပြီး...

- စိတ်ပင်ပန်းခြင်းမှ ရုန်းထွက်နိုင်ဖို့၊

- ဖြစ်တည်မှုအားလုံးကို ကျေနပ်ရောင့်ရဲတတ်ဖို့၊

- ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့၊

- ဘယ်သူကိုမှအပြစ်မမြင်ဘဲ ဘဝကို အေးချမ်းစွာ၊ ပျော်ရွှင်‌ကျေနပ်စွာ ရှင်သန်ပြီး တန်ဖိုးရှိအောင်နေဖို့လည်း ရေးသားထားပါတယ်။

ဒီစာအုပ်လေးဖတ်ပြီးရင် စိတ်တွေ ပေါ့ပါးလန်းဆန်းပြီး စိတ်ခွန်အားတွေ ရပါလိမ့်မယ်။

ပင်ပန်းတာတွေ ပျောက်ဖို့နဲ့ နေ့ရက်တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်လေးဖြစ်တာမို့ ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။