• IMG20240626125656
  • IMG20240626125704
  • IMG20240626125738
1

Books /လင်းရောင်နီ(စဘေ)

ပါပါတယ် ဆပ်သွားဖူး နန်းဦးကမွှေး - လင်းရောင်နီ(စဘေ) (Burmese Book)

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်ဟာ နတ်သဘင်လောကရဲ့ နတ်ကန္နားစီး မိန်းမလျာကြီးတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကို အခြေခံ ရေးဖွဲ့ထားတာဖြစ်ပါတယ်။ 

ယုံကြည်ရာအပေါ် ကိုးကွယ်မှုတွေ၊ မတူညီတဲ့ ဖြစ်တည်မှုတွေအပေါ် လှောင်ပြောင်ကဲ့ရဲ့ ခွဲခြားမှုဒဏ်တွေကို ကြံ့ကြံ့ခံရင်း ဘဝကို ဖြတ်သန်းခဲ့ရပုံတွေ၊ ရိုးရာနတ်သမိုင်းတွေ၊ ပုပ္ပားဒေသယ သခင်မတောင်တော်၊ရတနာ့ဂူစတဲ့ အထင်ကရဒေသတွေရဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

သူ့နယ်သူ့အရပ်မှာ ဩဇာကြီးလှတဲ့ နတ်ကန္နားစီးကြီး အမေဒေါင်း ရဲ့ နတ်ဆိုင်းဆရာ စိန်ညိုရောင်အပေါ် အချစ်ကြီးလှပုံတွေ၊ မေဒေါင်းကို ချစ်ခင်အားကျလွန်းပြီး မေဒေါင်းလိုဖြစ်ချင်ခဲ့တဲ့ ပိုးတီကောင်ဆိုတဲ့ ကလေးငယ်လေးရဲ့ ဘဝဖြတ်သန်းမှုတွေ၊ နတ်ဒိုးဆရာ စိန်ညိုရောင်ရဲ့ ဟန်ဆောင်လှည့်ဖြားမှုတွေ၊ ငယ်သူငယ်ချင်း ကျောက်ခဲအပေါ် တစ်ဖက်သတ် နှောင်တွယ်မိခဲ့တဲ့ ပိုးတီကောင်ရဲ့ မေတ္တာ စသည်စသည်တို့ကိုလည်း ဖတ်ရှုခံစားရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ကန္နားစီး မဒေါင်းရဲ့ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ ပါရမီဖြည့်ပေးခဲ့ရှာတဲ့ စံကားဝါမြေ မမသိန်းရဲ့ မေဒေါင်းနဲ့ ပိုးတီအပေါ် ထားရှိတဲ့ ဖြူစင်လှသော မေတ္တာတွေကိုလည်း ကြည်နူးဖွယ် တွေ့မြင်ရမှာပါ။

မေတ္တာဆိုတာ ကစားစရာ မဟုတ်ကြောင်း၊ လူတစ်ယောက်က လူတစ်ယောက်အပေါ် ချစ်မိသွားခြင်းသည်ပင် လူသားဆန်မှုတွေထဲက တစ်ခုဖြစ်ကြောင်း မေဒေါင်းက ဘယ်လိုများ သက်သေပြလေမလဲ...

အချစ်ကို ယုံကြည်ကိုးစားခဲ့တဲ့ ကန္နားစီးမကြီး မေဒေါင်းဘဝဟာ စိန်ညိုရောင်ရဲ့ အချစ်တွေကြောင့် ပန်းခင်းသော လမ်းဖြစ်လေမလား....

ငယ်သူငယ်ချင်းအပေါ် တစ်ဖက်သတ် မြတ်နိုးမိတဲ့ ပိုးတီ ကောင်လေးရဲ့ မေတ္တာခရီးကရော ပုပ္ပားတောင်တော်လေလို အေးလေမလား၊ပန်းစံကားဝါတွေလို မွှေးလေမလား.....


Page - 247

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။