• IMG20231007130453
  • IMG20231007130507
  • IMG20231023094850
1

Books /

ဖယောင်းဥယျာဉ်(ပျိုး) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီဇာတ်လမ်းလေးက ရှမ်းပြည်နယ်မြောက်ပိုင်း ၊ "မေတ္တာရှင် ကလေးပျော်ကျောင်း" လေးမှာ လုပ်အားပေးဆရာမအဖြစ် ဝင်လုပ်ရင်း ၊
ကလေးတွေအနား တကယ်နေရင်းနဲ့မှ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ဖြစ်ရပ်မှန်တွေကို ရေးသားထားတာမို့ စာဖတ်သူတို့အတွက် မိမိတို့ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ်လို့လည်း ယုံကြည်မိပါတယ်။

အများစုကတော့ ECCD - Early Childhood Care & Development (ကလေးအစောပိုင်းကာလ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်း ) က အတွေ့အကြုံရယ် ၊ လက်တွေ့ရယ်ကို ပေါင်းစပ်ပြီးရေးဖွဲ့ခဲ့တာပါ။

အသက် ၂နှစ်ကနေ ၅နှစ်အတွင်းမှာရှိတဲ့ ကလေးငယ်လေးတွေ နေ့စဥ်အာဟာရ မှီဝဲကြပုံတွေ၊ လောကအပေါ်မှာ မြင်ကြတဲ့ ကလေးငယ်တွေရဲ့အမြင်၊ ကစားရင်းကနေပဲ သင်ယူကြရတဲ့ ကလေးလေးတွေရဲ့စရိုက်သဘာဝ စတဲ့အကြောင်းအရာတွေကို အခြေပြုလို့ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးပြုစုစောင့်ရှောက်ကြတဲ့အခါမှာ ဆရာ ၊ ဆရာမတွေတင်မဟုတ်ဘဲ မိဘ ရပ်ရွာအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့အောင်မြင်ရတာပါ။ ဆိုတဲ့အခါ ဒီစာအုပ်လေးထဲမှာ နေ့တဓူဝ ကြုံဆုံနေခဲ့ရတဲ့ အခက်အခဲပေါင်းများစွာကို တတ်နိုင်သမျှ ထုတ်နှုတ်တင်ပြထားပါတယ်။

အများစုက ကလေးငယ်လေးတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာလေးတွေမို့ အမောတွေကြားက
အသောလေးတွေကိုလည်း ဖတ်ကြရဦးမှာပါ။

ဒီစာအုပ်လေးထဲမှာ စာဖတ်သူတွေလုံးဝချစ်ကြမှာသေချာတဲ့ ဇာတ်ကောင်ကလေးလေးတွေ အများကြီးပါပါတယ်။ ကျွန်မကိုယ်တိုင်လည်း သူတို့လေးတွေကို ချစ်စိတ် ၊ လွမ်းစိတ်တချို့နဲ့ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်မသင်ရတဲ့ ကျောင်းကလေးက NGO တစ်ခုနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကနေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကျောင်းကလေးမို့ ကလေးကစားစရာ အထူးအဆန်းလေးတွေလည်း Unicef ကနေ လက်ဆောင်ရတတ်ပါတယ်။တခြား မြို့ရွာတွေနဲ့လည်း မကြာခဏဆိုသလိုပဲ Exchange Visit တွေသွားရတတ်ပါတယ်။ အဲဒီနေရာမှာ ကျွန်မသိပ်သဘောကျရတဲ့ ကယားပြည်နယ်က ကလေးအခြေပြု ကျောင်းကလေးတွေရဲ့ ပုံရိပ်တချို့လည်း ဒီစာအုပ်လေးထဲမှာ ထည့်ထားပါသေးတယ်။

ကယားပြည်နယ်က မိဘရပ်ရွာရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ တကယ့်ကို အံ့မခန်းပါပဲ။ အတုယူခဲ့ရ၊ အင်မတန် လေးစားခဲ့ရတဲ့ ပြည်နယ်ကလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

သေချာတာကတော့ ဒီစာအုပ်ကလေးဟာ ကျွန်မတို့ချစ်တဲ့ကလေးတွေအတွက် သင်ထောက်ကူ စာအုပ်ကလေးတစ်အုပ် ဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။ဒီစာအုပ်ကလေးကို ဖတ်လိုက်လို့ ကလေးလေးတွေအတွက် အကျိုးတစ်စုံတရာ ဖြစ်ထွန်းခဲ့မယ်ဆိုရင် ကျွန်မပင်ပန်းခဲ့ရကြိုး၊ ရေးရကြိုးနပ်ပါပြီ။

"ပွင့်သောပန်းကလေးတိုင်း မွှေးမြကြပါစေ"

( ဆရာမပျိုး၏ စာညွှန်း )

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။