• 391712930_350862074278707_3414438807324039992_n
  • IMG_20230824_214131
1

Books /ခင်ခင်ထူး

မအိမ်ကံ -(ခင်ခင်ထူး ) Burmese Book

Regular price
RM 60.00
Sale price
RM 60.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

Burmese Book

(စာရေးသူ၏အမှာစာ)

(၁)

ရွှေအမြုတေမဂ္ဂဇင်းတွင် လပေါင်း (၃၆) လတိုင်တိုင် အခန်းဆက်ဝတ္ထုရှည် အဖြစ် ကျွန်မ ရေးသားခဲ့သော ‘မအိမ်ကံ’ လုံးချင်းဝတ္ထု ပြီးမြောက်သွားသည့်နောက် စာအုပ်အဖြစ် ထုပ်ထုပ်ပိုက်ပိုက် ထုတ်ဝေနိုင်လိုက်သည့်အတွက် ကျွန်မ အလွန် ဝမ်းသာမိပါသည်။ စာရေးဆရာတစ်ယောက်အနေဖြင့် မိမိအားထုတ်ခဲ့ရသော စာအုပ် တစ်အုပ် စာအုပ်စင်ပေါ် တင်နိုင်ပြီဆိုသော ခံစားမှုကို ကျွန်မဆိုလိုခြင်း ဖြစ်ပါ၏။

ကျွန်မအနေဖြင့် စာအုပ်ပေါင်း (၂ဝ) ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သော်လည်း လုံးချင်းဝတ္ထုအနေဖြင့်မူ ‘မအိမ်ကံ’ သည် စတုတ္ထမြောက် လုံးချင်းဝတ္ထုဖြစ်ပါသည်။ သည်ဝတ္ထုကြီးကို ရေးသားရန် စိတ်ကူးစဉ်ကတည်းက ကျွန်မမှာ ရေးချင်စရာ၊ ထည့်ချင်စရာ၊ ဖြည့်ချင်စရာတွေ များခဲ့သည်။ အိမ်ကို ရောက်လာသမျှ စာပေမိတ်ဆွေ များ၊ စာရေးဆရာများ၊ ရုပ်ရှင်နယ်မှ မိတ်ဆွေများကို မရေးမီကပင် ဇာတ်လမ်း အကြမ်း ပြောပြဖြစ်ခဲ့သည်။ မိတ်ဆွေများကလည်း ‘မအိမ်ကံ’အကြောင်း လုံးချင်း ဝတ္ထုအဖြစ် ပြီးမြောက်အောင် ရေးသားရန် အားပေးခဲ့ကြပါသည်။ သို့သော်လည်း ကျွန်မကိုယ်တိုင် ချမရေးဖြစ်သေးဘဲ စိတ်ကူးအတွင်း အောင်းထားခဲ့သည့်နှစ်တွေ အတော်ကြာခဲ့ပါသည်။

စင်စစ် ‘မအိမ်ကံ’ ဝတ္ထုကျောရိုးမှာ ကျွန်မတို့ ရွာတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ဇာတ်လမ်းဖြစ်သည်။ ကျွန်မတို့ ငယ်ငယ် ရွာမှာနေစဉ်က ဝိုင်းတိုက်အပြင် ထွက်ကစားတော့မည်ဆိုလျှင် လူကြီးမိဘများက မှာတတ်သော စကားရှိပါသည်။ “ကစားတာ လွတ်လွတ်ကင်းကင်း ကစားကြ …မကံ ပဲမှော်တိုက် ဘက် သွားမကစားကြနဲ” ဆိုသည့်စကား ဖြစ်သည်။ ကျွန်မတို့ကလည်း သည်လို မှာတိုင်း ကြားရိုးကြားစဉ် သဘောထားခဲ့ကြသည်။ မကံပဲမှော်တိုက်သည် ခြံကျယ်ကြီး တစ်ခြံအတွင်းတွင် ထီးထီးကြီးရှိနေသော ပဲမှော်တိုက်ကြီးဖြစ်၍ ကျွန်မတို့ငယ်စဉ် ကပင် ဆွေးလှပါပြီ။ ဘူးလိုဖရုံလိုအပင်များသာမက နွယ်ရှင်ကြီးတွေချုံနွယ်ကြီး တွေ ငုံထားသော ထိုပဲမှော်တိုက်ဆီကို ဘယ်ကလေးမှ တကန်တက သွားကစား တာမျိုး မရှိကြသော်လည်း လူကြီးတွေကတော့ သတိရတိုင်း မှတ်မှတ်ရရ မှာတတ် တာကလည်း အမှန်ပင်။

ကျွန်မတို့ နည်းနည်းကလေး သိတတ်သည့်အရွယ်ရောက်တော့ မကံဆိုတာ ဘယ်သူလဲလို့ မေးမိခဲ့သည်။ အမေတို့၊ ကြီးတော်တို့က သည်လိုမေးလျှင် ကောင်း ကောင်းမဖြေပါ။ “မကံ ဆိုတာ မကံပေါ့အေ့..” ဆိုတာနှင့် ပြီးရသည်ချည်းပင်။ ပဲမှော်တိုက်က ဘာဖြစ်လဲဆိုတော့လည်း “ပဲမှော်တိုက်က ပြိုတော့မှာလေ….မတော် ကစားနေတုန်း ပြိုကျရင် ဘယ့်နှယ်လုပ်မတုံး” ဆိုတာလောက်သာ ဖြေကြပါ၏။ တချို့ကလည်း မကံပဲမှော်တိုက်က နေဝင်ရင် မီးလက်တာ မြင်ရသတဲ့ဆိုတာမျိုး၊ သီချင်းညည်းသံ ကြားရတယ် ဆိုတာမျိုး၊ အမဲသား ပိဿလုံးတွဲကြီး ဆွဲသွားတာ ပဲမှော်တိုက်အထိ စွတ်ကြောင်းရာကြီး တွေ့သတဲ့တော် ဆိုတာမျိုး မရေမရာ ပြောကြ တာများကိုလည်း ကျွန်မတို့ အကြားနာခဲ့ရသည်။ မီးရောင်ကို ဘယ်သူမြင်တာလဲ၊ သီချင်းသံကို ဘယ်သူကြားတာလဲ၊ စွတ်ကြောင်းရာကြီးကို ဘယ်သူတွေ့တာလဲ ဆိုတော့လည်း ဝေဝေဝါးဝါး ရှိကြပြန်သည်။ မဟုတ်သလိုလို၊ ဟုတ်သလိုလို။ သေချာတာကတော့ ကျွန်မငယ်ငယ်က မကံပဲမှော်တိုက်ဆိုတာကြီးကို ကြောက်ရွံ့ ခဲ့ရ တာတော့ အမှန်ပင်။

ကျွန်မကြီးတော်တွေထဲက အသက်အကြီးဆုံး ကြီးတော်ကြီးကတော့ စိတ်ကူး ရသည့်အခါ “မကံက အင်မတန်လှသာကိုးအေ့ .. တစ်ရွာကတောင် လာငေးရသယ့် မိန်းမ… အသားကလေးများ ပဲတီချဉ်သန့် သန့်လို ဝါပြီး မှည့်နေသာအေ့... ဆံပင်များ ဆိုရင် တံကောက်ကွေး ရိုက်ကရော... မျက်ခုံးတွေက တံစဉ်ကွေး … မျက်လုံးတွေက ဖန်တူလုံး … အသားကလေးတွေများ တုန်နေသလား မှတ်ရသယ်….” ဆိုတာမျိုး ပြောဖူးသည်။ သည်လောက်ပဲ များများစားစား ကြားခဲ့ရဖူးပါ၏။ ဖန်တူလုံးဆိုတာက ကလေးတွေ ကစားသော ဖန်ဂေါ်လီလုံးကလေးလို ကြည်လင်နေသည့်သဘောကို ဆိုလိုပါသည်။

ကျွန်မငယ်ငယ်က ကြားခဲ့ဖူးသော မကံ (ဒေါ်ကံ) အကြောင်းက ပြည့်ပြည့် စုံစုံမဟုတ်ပါ။ ပြောကြသလောက်သာ ကြားခဲ့ရခြင်းဖြစ်၍ ကျွန်မအာရုံထဲ နင့်နှင့်စူးစူး ရောက်မလာခဲ့သေးပါ။ တစ်ခေတ်တစ်ခါက ရွာမှာ အလွန်ချောမောလှပသော ရွာသူ မိန်းမချောတစ်ယောက် ရှိခဲ့သည်။ ဥစ္စာစည်းစိမ် ပြည့်စုံသည်။ လယ်ယာကိုင်းခင်း ပြည့်စုံသည့် သူကြီးသမီး ဖြစ်သည်ဆိုတာလောက်သာ ရင်ထဲရောက်ခဲ့ရသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။