Books /မောင်ထွန်းသူ
ရဲတိုက်(မောင်ထွန်းသူ)Burmese Book
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ယခု “ရဲတိုက်” အမည်ဖြင့် မောင်ထွန်းသူ ၏ The Citadel ဖြစ်ပြီး ဆရာဝန်တစ်ယောက်၏ ဘ၀ကို ရေထားသည့် ၀တ္ထုဖြစ်သည်။
“ရဲတိုက်” ၀တ္ထုထဲမှ ဒေါက်တာ အင်ဒရူးမေဆန်သည် ဆေးကျောင်းမှ ဆင်းပြီးနောက် ဝေလပြည်နယ် သတ္ထုတွင်းများတွင် သွား၍အလုပ်လုပ်သည်။ ဆေးကုရင်း မိတ်ဆွေများနှင့် ရန်သူများကို တွေ့ခဲ့ရသည်။ အလုပ်သမားများနှင့် ဆုံခဲ့ရသည်။ နောက်ဆုံးတွင် ဒေါက်တာအင်ဒရူးမေဆန်သည် လူနာတစ်ယောက်ကို ဆေးကုရာနှင့် ပက်သက်၍ ကုသပုံ ကုသနည်းသည် ဆေးကောင်စီပြဌာန်းချက်နှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ ဆေးကောင်စီတွင် အစစ်ခံရသည်။ ဆေးကောင်စီက သူ့အပေါ်တွင် စွဲထားသည့် စွဲချက်ကို ကြားနာကာ ဒေါက်တာအင်ဒရူး၏ ဆရာဝန်မှတ်ပုံတင်လတ်မှတ်ကို မသိမ်းပဲ အပြစ်မှ လွှတ်လိုက်သည်။
ဒေါက်တာ အင်ဒရူးမေဆန်သည် ဆေးပညာကို လူထုလက်အရောက်ပို့ချင်သည်။ သို့ဖြင့် သူသည် သူရှေ့က ဆရာဝန်တို့နှင့်မတူ၊ ဆေးပညာအတွက် လမ်းသစ်ခင်းပေးသည်။
“ရဲတိုက်” ၀တ္ထုသည် ဆေးပညာတွင် လမ်းဟောင်းကို လျှောက်ချင်သူနှင့် လမ်းသစ်ကို ဖောက်ချင်သူတို့၏ ပဋိပက္ခကိုဖော်ပြသော ၀တ္ထုဖြစ်လေသည်
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page