• 31722c877c381ed4accbde7bbadf6b1e
  • 1d00a86dd57c52aa3fa08f4a983157a2
  • adfc6b0f340ea59e93cd780fccdb97da
1

Books /ဦးနု

ကာမတဏှာ (ဦးနု) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကျွန်တော့်အမေက မနှစ်ကတုန်းက ( ကျွန်တော့်အသက် ၁၃ ခွဲ လောက်က ) ကျွန်တော်ဆယ်ကျော်သက်ဖြစ်လာတဲ့အခါ သိသင့်တာတွေသိဖို့ "ကာမတဏှာ" ဆိုတဲ့စာအုပ်ဖတ်ရမယ်၊ ဝယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း အဲ့တုန်းက ရိုးရိုးသားသားပြောရမယ်ဆို အဲ့စာအုပ်ကို ရှေးရိုးစွဲလူငယ်ပညာပေးစာအုပ်ကြီးကို လူစိတ်ဝင်စားအောင် "ကာမတဏှာ" ဆိုတဲ့နာမည်ကြီး ပေးထားတာဖြစ်ပါလိမ့်မယ် ဆိုပြီး အင်းအင်းအဲအဲပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လွန်ခဲ့တဲ့ ၃ ပတ်လောက်တုန်းက စာအုပ်ဆိုင်တစ်ဆိုင်ရောက်တုန်း ဒီနာမည်နဲ့ အဖုံးလှလှလေးစာအုပ်ကိုတွေ့တော့ ကောက်ကိုင်မိပြီး ဖတ်ကြည့်တာ စိတ်ပြောင်းပြီး စာအုပ်ကို ဝယ်ခဲ့ပါတယ်။ ဒီစာအုပ်က လောကုတ္တရာနဲ့ သာမာန်ပုထုစဉ်တွေကျင့်ကြံဆင်ခြင်နိုင်တဲ့ ဘာသာရေးအကြောင်းကို ဝတ္ထုပုံစံလေးနဲ့ ဖတ်ချင်စဖွယ်ရေးထားတာပါ။ အဖွင့်မှာ ဦးနုက ပီယဇာတိကသုတ် နဲ့ဖွင့်ထားပါတယ်။ ပျင်းစရာကောင်းတယ်ထင်ရပေမယ့် ကျွန်တော်လည်း ဖတ်ရင်းအဲ့သုတ်ကိုဖတ်ပြီးတဲ့အခါ ရတဲ့ message လေးက နှလုံးအေးစရာကောင်းလှတာကြောင့် နောက်ဘယ်လိုစာတွေ လာဦးမလဲဆိုပြီး လက်ကမချနိုင်ဘဲ ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ဒီလိုပါ။ သူဌေးကြီးနှစ်ယောက်ရှိပါတယ်၊ ပထမသူဌေးက အပျော်အပါးကြိုက်တဲ့ တော်တော်ဆိုးဆိုးလူကြီး ဖြစ်ပြီး နောက်တစ်ယောက်က ဘုရားအကြိုက်တရားနဲ့နေတဲ့သူပါ။ ဒုတိယသူဌေးက ကံကြမ္မာကြောင့် ကံမကောင်းအကြောင်းမလှပဲ နည်းနည်းဆင်းရဲပြီး သေသွားရပါတယ်။ ကျန်ခဲ့တဲ့ သမီးနှစ်ယောက်နဲ့ အမယ်အိုကြီးလည်း ရှိတဲ့ကျန်ငွေလေးနဲ့ အသက်ဆက်ဖို့ကြိုးစားရတာပေါ့။ သမီးနှစ်ယောက်ထဲမှာ အကြီးဆုံး မခင်မေက သူ့အဖေဆီက ဘာသာရေးနဲ့လောကုတ္တရာကို သေချာသင်ယူထားပြီး အသက်သာငယ်တာလုပ်ရည်ကိုင်ရည် အလွန်ပြည့်ဝတဲ့ မိန်းကလေးပါ။ အဲ့တော့သူကပဲ ဦးဆောင်ပြီး ညီအစ်မနှစ်ယောက်လက်သုပ်အသုပ်ရောင်းပြီး အမယ်အိုကြီးကို ရှာကျွေးပါတယ်။အဲ့လိုရှာကျွေးနေခိုက် မခင်မေကိုလာပိုးပန်းပြီး ယူဖို့ကြိုးစားတဲ့ ယောင်္ကျားတွေရှိလာပါတယ်။ မခင်မေကလည်း သူ့အဖေသင်ပေးခဲ့တယတွေနဲ့ မယ်သီလရှင်တစ်ပိုင်းဖြစ်နေပြီး အမေသေလို့ရှိရင် မယ်သီလရှင်ဝတ်ဖို့ ဆုံးဖြတ်ထားသူဆိုတော့ ငြင်းပါတယ်။ သို့သော်ငြား ဖူးစာကပါလာတော့ ဟိုးအရှေ့မှာပြောခဲ့တဲ့ အပျော်အပါးကြိုက်တဲ့ သူဌေးကြီးရဲ့သားဆီမှာ အလုပ်လုပ်တဲ့ မန်နေဂျာနဲ့ လက်ထပ်ခဲ့ရပါတယ်။ တကယ့်ဇာတ်လမ်းက အဲ့ဒီလိုလက်ထပ်ပြီးမှ စတာပါ။ အဲ့ဒီလိုလက်ထပ်ပြီးတဲ့အခါမှာ မခင်မေဟာ သူ့ယောင်္ကျားကလည်းပင်ကိုယ်ကိုယ်ရည်ကိုယ်သွေးကောင်းတော့ သူ့ယောင်္ကျားကို တရားပြပါတယ်၊ အဲ့လိုပြရင်းပြရင်းနဲ့ သူ့ယောင်္ကျားလည်း ဘာသာတရားကိုင်းရှိူင်းပြီး အမြဲကျင့်ကြံဆင်ခြင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ သူတို့သားလေး မောင်မြင့်ဆွေအဖက်တင်တော့လည်း ထိုနည်း၎င်းပဲ တရားပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကာမတဏှာဆိုတဲ့ ဘီလူးကြီး မခင်မေတို့မိသားစုရဲ့ အသိမိတ်ဆွေတွေထဲကို ဝင်မွှေပုံတွေ၊ ဒီဘဝမှာ နေရကျိုးနပ်အောင် ဘယ်လိုနေရမလဲဆို‌တာတွေ၊ ဘဝမှာ ဘာကအရေးပါပြီး ဘာကအရေးမပါဘူးဆိုတာတွေ၊ ဘုရားဟောသုတ်တွေကို မြန်မာပြန်ထားတာတွေ စတာတွေကို စိတ်ဝင်စားဖွယ်ရေးထားပါတယ်။ လူတော်တော်များများက ဒီစာအုပ်ကို အလယ်ပိုင်းရောက်တဲ့အခါ ပျင်းဖို့ကောင်းတယ်လို့ပြောကြပေမယ့် ကျွန်တော်ကတော့ ဒီလိုမခံစားမိပါဘူး။ ဦးနုရဲ့ လောကုတ္တရာသိမှတ်ဖွယ်ရာတွေကို ဝတ္ထုသဘောမျိုးနဲ့ စိတ်ဝင်စားစရာ ရေးနိုင်စွမ်းက ကျွန်တော့်ကို အမြဲအံ့ဩစေပါတယ်။ ဒီစာအုပ်ကို ဖတ်ဖို့ဆုံးဖြတ်ခဲ့ခြင်းက ကျွန်တော့်ဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒါဖတ်ပြီးနောက် လောကမှာဘာက အရေးပါပြီး ဘာကအရေးမပါဘူးဆိုတာသိပြီးနောက် အရေးပါတာတွေကိုပဲ အာရုံစိုက်ဖို့ သတ္တိတွေများလာပါတယ်။ ဗုဒ္ဓဘာသာကိုလည်း ပိုမိုနားလည်ပြီး ဆင်ခြင်စရာတွေ အများကြီးတိုးလာရပါတယ်။ ကျွန်တော့်အသက် ၁၄ နှစ်ပေမယ့်လည်း ကိုယ်တစ်နေ့သေမှာရယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာရယ်ကို အမြဲဆင်ခြင်ပြီး ရှိတဲ့အချိန်လေးကို အကျိုးရှိရှိသုံးဖို့ သိရပါတယ်၊ နောက်ပြီးတော့ အသက်ကြီးလာတဲ့အခါ လူတိုင်းကိုဝင်မွှေတတ်တဲ့ ကာမတဏှာဆိုတဲ့ ဘီလူးကြီး ဝင်မွှေတဲ့အခါဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း သိလိုက်ရပါတယ်။ ဒီစာအုပ်ကိုရေးခဲ့တဲ့ ဦးနုကိုရော ကျွန်တော့်ကိုဖတ်ဖို့ညွှန်းခဲ့တဲ့ ကျွန်တော့်အမေကိုရော ကျေးဇူးတင်လို့မဆုံးနိုင်ပါဘူး။

Tagon Min Myat အကောင့်မှ

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။