• b9a72bc7ec626ea9d549ac48e3da92f9
  • b0ae219af97749ba70d0938ab6df8a21
  • 75cff719e0b721f8a5b2020c96cacf51
1

မိတ္တဗလဋီကာ (ဦးနု) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မိတ္တဗလဋီကာ
(၁) ပြုံးပါ။
(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃) တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။
(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅) မိမိ အမှားကို လျှင်လျှင် မြန်မြန် လေးလေးနက်နက် ၀န်ခံပါ။
(၆) ချိုချို သာသာနှင့် စကား စပြောပါ။
(၇) တစ်ဖက်သားက အလျှင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖက်သားကို သူပြောချင်တာ ဝအောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )
(၉) တစ်ဖက်သားအား ပေးချင်သောအကြံသည် သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာ တတ်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ။ (ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့်အစား လိုရင်းကိစ္စပြီးစီးစေမည့် မေးခွန်းများ မေးပါ။
(၁၃) တစ်ဖက်သားကို အပြစ်မပြောမီ သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား ၀မ်းမြောက် ၀မ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။
(၁၅) အခြားသူများပေါ်တွင် အဟုတ်အဟတ် စိတ်၀င်စားပါ။
(၁၆) မိမိ မိတ်ဆွေတို့၏ နာမည်များကို မှတ်သားထားပါ။
(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင် လုပ်ပေးပါ။
(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။
(၁၉) တစ်ဖက်သားကို ကြင်နာယုယပါ။ (ရိုသေလေးစားပါ)
(၂၀) တစ်ဖက်သားဘက်မှ နေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
(၂၁) မိမိကိုယ်ကို နှိမ့်ချစွာ ပြောဆိုတက်ပါစေ။
(၂၂) " အကြင်သူသည် ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊ ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ '

နိုင်ငံတကာစာအုပ်စျေးကွက်မှာရောပြည်တွင်းစာအုပ်စျေးကွက်မှာပါအကြိမ်ပေါင်းများစွာအုပ်ရေ သိန်းသန်းချီပြီးရိုက်ခဲ့ရပါတယ်။ဘာကြောင့် ဒီစာအုပ်ဟာအခုလို နှစ်ပေါင်း၈၀ ကျော်တဲ့အထိစျေးကွက်ထဲမှာ အောင်မြင်ရတာလဲ။ဒီခေတ်လူငယ်တွေအထိ ဘာလို့လွှမ်းမိုးရတာလဲ။စစ်တမ်းကောက်လေ့လာမှုများသုတေသနများပြုကြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီစာအုပ်ရဲ့ အောင်မြင်မှု လှို့ဝှက်ချက်ကတော့အရွယ်မရွေး၊ ကျားမမရွေး၊ လူမျိုး မရွေးလူသားအားလုံးရဲ့ ဘုံတူညီချက်ဖြစ်တဲ့စိတ်စွမ်းအင်ကို တည်ဆောက်နိုင်အောင်လမ်းညွှန်ပြသပေးလို့ဖြစ်ပါတယ်။စက်မှုခေတ်ဖြစ်စေ၊ နည်းပညာခေတ်ဖြစ်စေ၊ပညာခေတ်ဖြစ်စေ ဘယ်ခေတ်ပဲရောက်ရောက်လူအများရဲ့ ချစ်ခင်မှုကိုရတဲ့သူ၊လူအများကြားမှာ ပြောနိုင်ဆိုနိုင်စွမ်းရှိသူတွေဟာအောင်မြင်လေ့ရှိပါတယ်။ဘယ်လိုနယ်ပယ်မျိုးမှာမဆိုမိတ်ကောင်းဆွေကောင်းရှိခြင်းဟာအောင်မြင်မှုရဲ့ သော့ချက်ပါပဲ။အခုစာအုပ်ဟာ အဆိုပါသော့ချက်ကိုအကောင်းဆုံး ပြသထားတာ ဖြစ်တာကြောင့်ကမ္ဘာမှာရော မြန်မာမှာပါအချိန်မရွေး အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်နေတာပါပဲ။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။