• IMG20231209095121
  • IMG20231209095129
  • IMG20231209095201
1

Books /မောရိသျှ

ဂန္ထဝင်ဦးသျှောင် မင်းသားလုပ်ထုံးကျမ်း(မောရိသျှ)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မာခီယာဗဲ့လီရဲ့ နာမည်ကျော်စာအုပ် The Prince (II Principe) ကို ၁၅၁၃ ခုနှစ်မှာ စတင်ရေးသားခဲ့ပြီး ၁၅၁၅ ခုနှစ်လောက်မှာ ပြီးခဲ့တယ်လို့ စာပေပညာရှင်တွေ ယူဆကြတယ်။


ကျမ်းငယ်လေးတစ်ခုဖြစ်ပေမယ့် အခန်းများပြီး တင်ပြထားတဲ့အချက်တွေကလည်း ဖတ်လိုက်တိုင်း ကြက်သီးထစရာကောင်းလောက်အောင် ရက်စက်မှုကို အားပေးထားတဲ့အတွက် သူ့ခေတ်သူ့အခါ အပါအဝင်၊ ဒီနေ့ခေတ် ဒီအချိန်အထိ လက်သင့်ခံဖို့အတွက် ခက်ခဲစေပါတယ်။ အာဏာရှင်စနစ်မျိုးကို အသားပေးလွန်းပြီး၊ သမ္မတနိုင်ငံစနစ်နဲ့ ဒီမိုကရေစီစနစ်မျိုးကို အလေးမထားရာကျလွန်းတဲ့အမြင်တွေ ပါဝင်တာကြောင့် မော်ဒန်နိုင်ငံရေးအမြင်များနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်။ အာဏာရှင်အသားပေးကျမ်းမျိုး မဟုတ်ပေမယ့် အာဏာရှင်လက်သုံး လုပ်ထုံးကျမ်းတစ်စောင်လို ဖြစ်သွားပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရေးအတွေးအခေါ်လောကမှာ အဆိုးရွားဆုံး ကျမ်းတစ်စောင်အဖြစ် သတ်မှတ်ခံရပါတယ်။ ဒါကလည်း လေ့လာသူအပေါ် မူတည်ပါသေးတယ်။ မတူညီတဲဲ့ရှုထောင့်ကကြည့်တတ်ဖို့ ရည်ညွှန်းထားတဲ့ စာအုပ်ဖြစ်တာကြောင့်လည်း နှောင်းပိုင်းပညာရှင်တွေက ဦးသျှောင်လုပ်ထုံးကျမ်းကို အခြေခံပြီး သမ္မတနိုင်ငံစနစ်အတွက် အခြေခံသဘောတရားတွေကို တည်ဆောက်ဖော်ထုတ်ခဲ့ကြပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။