Books /မောင်သန်း
စိတ်နှစ်လုပ် - မောင်သန်း (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
Deep Work ဆိုတာ ဘယ်လိုစာအုပ်မျိုးလဲ။ စာအုပ်နာမည်ကြည့်လိုက်တာနဲ့ ဘယ်လို စာအုပ်မျိုးဖြစ်မယ်ဆိုတာ တချို့ ခန့်မှန်းလို့ ရပါလိမ့်မယ်။
ဒီတော့ မိတ်ဆွေအနေနဲ့ အလုပ်တွေများနေပြီး လုပ်ငန်းမတွင်တာမျိုး၊ နေ့ တစ်နေ့ သာကုန်သွားတယ်။ ရလဒ်က ဘာမှ မယ်မယ်ရရ မရှိဘူး။ နှစ်တစ်နှစ်သာ ကုန်သွားတယ် ကိုယ့်ရဲ့ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ မိသားစု စသဖြင့် ကိုယ့်အတွက် အဓိကကျတဲ့ ကိစ္စတွေမှာ ရလဒ်တွေ ထင်သလောက် ရှိမနေဘူး။ တိုးတက်မှုတွေ ရှိမနေဘူးဆိုရင် မိတ် ဆွေအနေနဲ့ ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဟင်းတစ်ခွက် ကောင်း၊ မကောင်းကို စားကြည့်မှ သိနိုင်သလို၊ စာအုပ်တစ်အုပ် ကိုယ့်အတွက် အသုံးကျ မကျ ဆိုတာကိုလည်း ဖတ်ကြည့်မှ သိနိုင်ပါလိမ့်မယ်။ စာအုပ် အကြောင်း သိပ်ရှည်ရှည်ဝေးဝေး မပြောလိုတော့ပါဘူး။
ဒီစာအုပ်မှာပါတဲ့ အချက်တွေအကုန်လုံးဟာ မိတ်ဆွေအတွက် အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေတစ်ဦးပြောဖူးသလို စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကို ငွေကြေးအားဖြင့် ဆုံးဖြတ်ဖို့ထက် ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့အပြုအမူ၊ အတွေးအခေါ်ပိုင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာနဲ့ပဲ ဆုံးဖြတ်သင့်တယ်တဲ့။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာလည်း သိမှုနယ်ပယ်ကို ကျော်လွန်ပြီး ကို အတွေးအခေါ်အပြုအမူပိုင်းမှာ တိုးတက်မှုတစ်စုံတစ်ရာ ရှိသွားတယ်ဆိုရင်ပဲ ဘာသာ သူတစ်ယောက်အနေနဲ့ ဝမ်းမြောက်လှပါပြီ။
(ဘာသာပြန်သူ၏အမှာစာမှဖော်ပြသည်)
Page - 231
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page