• IMG20240207103522
  • IMG20240207103529
  • IMG20240207103547
1

Books /မျိုးလွင်(MBA)

စိတ်လှုပ်ရှားမှုဉာဏ်ရည် (မျိုးလွင်(MBA) )Burmese Book

Regular price
RM 22.00
Sale price
RM 22.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

စိတ်လှုပ်ရှားမှုဥာဏ်ရည် (Emotional Intelligence)ဆိုတာက ကိုယ့်ရဲ့စိတ်လှုပ်ရှားမှု၊ တစ်ပါးသူတွေရဲ့စိတ်လှုပ်ရှားမှုတွေကို ခွဲခြားနိုင်တာ၊ နားလည်နိုင်တာနဲ့ စီမံနိုင်တာဖြစ်ပါတယ်။ အဲဒီဥာဏ်ရည်မြင့်ရင် နေ့စဉ်ဘဝမှာတင်အကျိုးကျေးဇူးတွေ အများကြီးရတဲ့အပြင် တစ်ပါးသူတွေကိုလည်း ကူညီရာရောက်ပါတယ်။

ယခုစာအုပ်မှာ ဝန်ထမ်းဘဝ၊ မန်နေဂျာဘဝ၊ လုပ်ငန်းရှင်ဘဝတွေနဲ့ ဖြတ်သန်းကြရတဲ့အခါ ဝန်ထမ်းဘဝဖြစ်စဉ်အဆင့်ဆင့်အကြောင်း၊ သင့်စိတ် ဘယ်လိုလှုပ်ရှားနေသလဲ၊ သင့်ပတ်ဝန်းကျင်က လူတွေရဲ့စိတ်တွေလည်း ဘယ်လိုလှုပ်ရှားနေကြသလဲ၊ ခံစားနေကြသလဲဆိုတာ ခွဲခြားနိုင်မယ် ၊ နားလည်နိုင်မယ် ၊ စီမံနိုင်မယ်ဆိုရင်ကျန်းမာရေး၊ဆက်ဆံရေးတွေ ဘယ်လောက်ချောမွတ်လာစေတဲ့အကြောင်း မျှဝေထားပါတယ်။ အလားတူ မိသားစုဘဝ၊ လူမှုအသိုင်းအဝိုင်းအမျိုးမျိုးကြားမှာ အီးအိုင်တိုးတက်အောင်လုပ်ရင် ဘယ်လိုအကျိုးရှိတဲ့အကြောင်းတွေကိုလည်းလမ်းပြပေးထားပါတယ်။ တစ်နေရာမှာတော့ စိတ်လှုပ်ရှားမှု (Emotion) နဲ့ စိတ်ခံစားမှု (Feeling) ကွဲပြားတဲ့အကြောင်း ရေးသားထားပါတယ်။

ယခုစာအုပ်တွင် အခန်း ၇ ခန်းပါပြီး အခန်းတစ်ခန်းကို တနင်္ဂနွေနေ့၊ တနင်္လာနေ့ စတဲ့နာမည်လေးတွေ ပေးထားပါတယ်။ ဆိုလိုတာက တစ်ပတ်အတွင်း သင့် EQ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ တစ်ပတ်စာလေ့လာပြီးရင် တစ်သက်စာ အကျိုးထူးတွေခံစားဖို့ တိုက်တွန်းထားပါတယ်။ သင်က ၇ ရက်ပဲဖတ်ဖတ်၊ တစ်ထိုင်တည်းပဲဖတ်ဖတ် သေချာတာကတော့ ဖတ်ပြီးရင် ပြောင်းလဲသွားမှာပါ။ ယခုစာအုပ်ဟာ သင့်အောင်မြင်မှုအတွက်အမြန်ဆုံးလမ်းဖြစ်ပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။