• IMG20240126094144
  • IMG20240126094200
  • IMG20240126094227
1

Books /နေဦးဝေ

ဒဿနိက ပညာရှင် ၁၀၀(နေဦးဝေ)Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

 "စစ်ဆေးသုံးသပ်ခြင်း မရှိသော ဘဝသည် နေရန် မထိုက်တန်သောဘဝ ဖြစ်သည်”ဟု ဆိုကရေးတီးက ပြောခဲ့သည်။ စစ်ဆေးသုံးသပ်ခြင်းပြုမည့် ဘဝမျိုးကို စတင်မည်ဆိုပါက ရှေးဟောင်း ဂရိ၊ တရုတ်တို့မှ နေ၍ မျက်မှောက်ကာလအထိ ထွက်ပေါ်ခဲ့ကြသော အလွန်ထင်ရှားပြီး ဩဇာအရှိန် ကြီးမား လှသည့် ဒဿနိကဆရာကြီးများကို လေ့လာခြင်းဖြင့် စစ်ဆေးသုံးသပ်မှု လုပ်ရခြင်းလောက် ကောင်းသည့် အရာမျိုး မရှိနိုင်ချေ။


ကောင်းခြင်းနှင့် ဆိုးခြင်းတို့၏ သဘောသဘာဝက ဘာတွေနည်း၊ နေထိုင်တည်ရှိခြင်း၏ အဓိပ္ပာယ်က ဘာတွေနည်း၊ မိမိသည် တကယ်အားဖြင့် မည်သူနည်း။ ထိုမေးခွန်းများဖြင့် ဒဿနိက ဆရာများ နှစ်ပေါင်းထောင်ချီစွာ လုံးလည်လိုက်ခဲ့ကြသည်။ ကြံဆချက်မျိုးစုံလည်း ထွက်ပေါ်ခဲ့သည်။ ကြံဆချက်တိုင်းသည် အခြား ရွေးစရာ ကြံဆချက်မျိုးစုံကို ဆန့်ကျင် ကျော်နင်းဖို့ ကြိုးစားကြသည်။ ယခု ဒဿနိကပညာရှင်ကြီးများဟု ကျွန်တော်တို့ သတ်မှတ်ထားသည့် အမျိုးသား၊ အမျိုးသမီးကြီးများကရော မည်သူတွေနည်း။ ယခုစာအုပ်တွင် ဖတ်ချင်စဖွယ် ဖော်ပြထားသော ဒဿနိကပညာရှင် ၁၀၀ သည် ကျွန်တော်တို့၏ ကမ္ဘာ့အမြင်များကို ပြောင်းလဲစေခဲ့ကြသူများ ဖြစ်သည်။


ကမ္ဘာ့အရှေ့ပိုင်းရော အနောက်ပိုင်းမှပါ ထွက်ပေါ်ခဲ့သော မဟာတွေးခေါ်ရှင်များနှင့် မဟာ ဒဿနိကဆရာကြီးများ၏ ဘဝမှန်၊ ဖြစ်ရပ်မှန်ကို ဤစာအုပ်က တင်ဆက်ထားသည်။ ခုနှစ်အလိုက် စဉ်ထားသော ဒဿနိကပညာရှင် ၁၀၀ စာအုပ်သည် သူတို့တစ်ဦးစီ၏ ဘဝပုံကြမ်းများ ပါရှိသလို သူတို့အတွေးအခေါ်များ၏ ဖြစ်ပေါ်တိုးတက်လာပုံနှင့် သူတို့ကောက်ချက်ချကြသည့် အမြင်အချို့ကို အကျဉ်းချုံး၍လည်း ဖော်ပြထားသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။