• IMG20231228170322
  • IMG20231228170331
  • IMG20231228170422
1

Books /ညီငယ်လေး

မုဒြာမြိုင်(ညီငယ်လေး)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့က‌လေးကို

နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်....

" မုဒြာမြိုင် " ဟာ နာမည်နဲ့လိုက်အောင်ပဲ သိမ်မွေ့နူးညံ့တယ် ။ ထို့နည်းတူစွာ သူ့အကြောင်းဟာ အရမ်းကို သိုဝှက်နက်နဲလွန်းလှတယ်။ သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ။ သူဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ နှစ်ပေါင်း‌၃၀ကျော် အတူနေလာတဲ့သူတောင် ခန့်မှန်းဖို့မလွယ်ဘူး ။

မြိုင့်ရဲ့ အတ္တတွေ ၊ မာနတွေ ၊ ချစ်ခြင်းတွေဟာ အရိပ်တွေလို ဒီဇာတ်လမ်းထဲမှာ ဝဲပျံပြီး လွင့်မျောနေတယ်။ သူနဲ့ ပတ်သတ်ဆက်နွယ်မိတဲ့သူတိုင်းကို သူဟာ အမြဲလိုလို လွှမ်းမိုးထားလေ့ရှိတယ်။

မုဒြာမြိုင်နဲ့ နန်းခမ်းရှန်ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ခင်မင်ဆက်နွယ်မှုကနေ စတင်ခဲ့တဲ့ အဖြစ် အပျက်တချို့ ၊ အဲ့ဒီမှသည် သူတို့ရဲ့ဘ၀ဖြစ်တည်မ‌ှုမှာ ထင်ဟပ်လာတဲ့ ကံတရား အပြောင်းအလဲများစွာ......

လူတွေဟာ ရေစက်ကြောင့်ဆုံခဲ့ပြီး ချစ်ကြ၊မုန်းကြ၊ပူလောင်ကြရတယ်။ အေးချမ်းမှုရှိတဲ့ ရေစက်တွေရှိသလို ကံတရားကြောင့် ပူလောင်မွန်းကြပ်ရတဲ့ ရှေးရေစက်တွေလည်း ရှိပါတယ်။ မုဒြာမြိုင်နဲ့ခမ်းတို့ရဲ့ ရေစက်တွေကကော ပူလောင်ရမှာလား ။ အေးချမ်းရမှာလားဆိုတာကတော့......

မုဒြာမြိုင်ဆိုတဲ့ အမျိုးသမီးရဲ့ချစ်ခြင်း ၊ မုန်းခြင်း ၊ ပေးဆပ်ခြင်း ၊ နာကျည်းခြင်းနဲ့သံယောဇဉ်မေတ္တာ ခံစားချက်မျိုးစုံ .....ဘ၀ အတက်အကျ အနိမ့်အမြင့်များစွာကို ဒီစာအုပ်ထဲမှာ စိတ်၀င်တစား ဖတ်ရှုရပါလိမ့်မယ်။

အမျိုးသမီးတစ်ယောက် ၊ ဇာတ်ကောင်တစ်ယောက်၏ နာမည်ကို ဦးတည်ရေးဖွဲ့ထားသော ၀တ္ထုမျိုးကို မျှော်လင့်နေသူ ၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကိုမှ ဖတ်ချင်သူတွေအတွက် ဒီ၀တ္ထုက ဖတ‌်နေရင်း ပြီးလို့ပြီးမှန်း မသိတဲ့အထိ

မျှော်လင့်ရကျိုးနပ်စေမှာပါ ။ 

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။