• IMG20240116114448
  • IMG20240116114457
  • IMG20240116114532
1

Books /သက်ထွန်းဦး

ရင်းနှီးမြုပ်နှံမှုမဟာဗျူဟာ(သက်ထွန်းဦး)Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဤစာအုပ်သည် Young Investor Society မှ ပြုစုသည့် ရင်းနှီ မြှုပ်နှံမှုစာစဉ်တစ်ခုဖြစ်သည့် Stock Investing 101 ကို အခြေခံ၍ ရေးသား ခဲ့ခြင်းဖြစ်ပါသည်။ စာအုပ်တွင် ရင်းနှီးမြှုပ်နှံမှုရွှေရောင်စည်းမျဉ်း ၇ ချက် စတော့တစ်ခု၏တန်ဖိုးကို အကဲဖြတ်ခြင်း၊ ကောင်းမွန်သည့်လုပ်ငန်းတစ်ခု ဖြစ်ရန် လိုအပ်သည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမည့်စတော့များကို ရှာဖွေခြင်း၊ ဘဏ္ဍာရေးဘာသာစကားများကို နားလည်စေရန် သင်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆန်းစစ်ချက်နှင့် ပကတိတန်ဖိုး အစရှိသည့် အခန်းပေါင်း ၇ ခန်း ပါဝင်ပါသည်။ 

      ဤစာအုပ်တွင် ကမ္ဘာကျော်စတော့ရင်းနှီးမြှုပ်နှံသူ ဂုရုကြီးဖြစ်သည့် Mr. Warren Buffettနှင့် သူ၏ဆရာဖြစ်သည့် Mr. Benjamin Graham တို့၏ ရင်းနှီးမြှုပ်နှံမှုအယူအဆများ၊ စတော့ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများ၊

Mr. Warren Buffett တီထွင်ခဲ့သည့် Economic Moat စီးပွားရေးအရံအတားများ၊ ဈေးကွက်ကို အနိုင်ယူနည်းများ၊ ရွှေရောင်စည်းမျဉ်း ၇ ချက်၊ စတော့တစ်ခု၏တန်ဖိုးကို အကဲဖြတ်ခြင်း၊ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ၏ စတော့များကို နှိုင်းယှဉ်တွက်ချက်ပုံများ၊ စတော့စခရင်ကြည့်ရှုနည်းများနှင့် သုတေသနအစီရင်ခံများ ဖတ်ရှုခြင်းများ၊ Value Investing အယူအဆများ၊ ကုမ္ပဏီတစ်ခု၏ပကိတန်ဖိုး (Intrinsic Value) တွက်ချက်ပုံနည်းစနစ်များ၊ ဉာဏ်စမ်းပုစ္ဆာများ စသည်ဖြင့် ဝေဝေဆာဆာ ရေးသားဖော်ပြထားသဖြင့် စာဖတ်သူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတများစွာ ရရှိစေနိုင် ဖြစ်ပါသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။