• IMG20231214102548
  • IMG20231214102559
  • IMG20231214102623
1

Books /ချမ်းမြေ့ဝင်း

သူစိမ်း(ချမ်းမြေ့ဝင်း)Burmese Book

Regular price
RM 55.00
Sale price
RM 55.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မြို့ငယ်လေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ မတွေးဝံ့စရာ လူသတ်မှုတစ်ခု။ အဲဒီလူသတ်မှုရဲ့ သံသယတရားခံက မြို့ခံလူတွေက တလေးတစား ဆက်ဆံ၊ လူတော်လူကောင်းအဖြစ် သတ်မှတ်ထားခဲ့တဲ့သူတစ်ယောက် ဖြစ်နေတယ်။

ဒါပေမယ့် မျက်မြင်သက်သေတွေ အင်မတန် ခိုင်လုံနေတာကြောင့် အဲဒီတရားခံကို မြို့ငယ် ရဲဌာနရဲ့ စုံထောက် ရက်ဖ်အန်ဒါဆန်က လူပုံအလယ်မှာ ဖမ်းဆီးလိုက်တယ်။

သို့သော်.. တရားခံမှာ အပြစ်ရှိသည်/ မရှိသည် ဆိုတဲ့ အဖြေဟာ ထင်ထားသလို မပြတ်သားဘဲ ဝေဝါးလာတယ်။ ဇဝေဇဝါ ဖြစ်ချင်စရာ အချက်အလက်တွေ အများကြီးထပ်ပေါ်လာတယ်။ ဟိုဘက်ဒီဘက် လွန်ဆွဲနေတဲ့ သက်သေတွေကြားမှာ ဒီအမှုဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ အဖြေမရှိတဲ့ ပဟေဠိတွေ ထပ်ဆင့်ပွားလာတယ်။

ဒါ့အပြင် ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ . . ဒီအမှုရဲ့ ရှုပ်ထွေးမှုဟာ ထိတ်လန့်စရာ၊ သွေးပျက်ချင်စရာ ပုစ္ဆာတစ်ပုဒ်အဖြစ် အသွင်ပြောင်းလာတယ်။

ဒါနဲ့ပဲ.. ဒီလို "ရှင်းမရတဲ့ ပြဿနာတွေ”ကို သီးသန့်ဖြေရှင်းတတ်သူ “ဟော်လီ”.. ဆိုတဲ့ အလွတ်စုံထောက် အမျိုးသမီးတစ်ယောက်ကို အကူအညီ တောင်းရတော့တယ်။

အဲဒီမှာ.. ဒီရာဇဝတ်မှုကို တကယ်ကျူးလွန်သူဟာ ဘယ်သူမှ ထင်မထားတဲ့၊ သံသယတရားခံစာရင်းထဲမှာ မပါတဲ့ ..အပြင်ကသူ.. “သူစိမ်း” တစ်ယောက် ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

အဲဒီ “သူစိမ်း”ဟာ.. သဘာဝရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ “သဘာဝလွန်” အရာတစ်ခုလေလား။ မေးခွန်းတွေရဲ့ လမ်းအဆုံးမှာ ရှင်းလင်းတဲ့ ယုတ္တိရှိတဲ့ အဖြေတစ်ခု ပေါ်လာလေမလား။ ဒါမှမဟုတ် ..ပြဿနာဟာ ရှင်းမရဘဲ ပိုပြီး ရှုပ်ထွေး၊ ချောက်ချားစရာ အိပ်မက်ဆိုးတွေဆီ ဦးတည်သွားမလား . .

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။