Books /ဂျာနယ်ကျော်မမလေး
သူမ - ဂျာနယ်ကျော်မမလေး (Burmese Book)
- Regular price
 - RM 26.00
 - Sale price
 - RM 26.00
 - Regular price
 - 
        
RM 0.00 
                    Worldwide shipping
                  
                
              
                    Secure payments
                  
                
              
                    Authentic products
                  
                
              Share
“စာရေးဆရာတစ်ယောက်၏ စာပေမှတ်တိုင် ထူထောင်ရာ အမှတ်အသားတွင် ‘သူမ’ ဝတ္ထုသည် (ဂျပန်ခေတ်၌ ရေးသားထုတ်ဝေခဲ့သော) ဂျာနယ်ကျော်မမလေး၏ ပထမလက်ရာ အမှတ်အသားဖြစ်ခဲ့သည်။ ဂျပန်ခေတ်၌ ဤဝတ္ထုကို စာပေမွေ့သူတိုင်း စွဲလန်းနှစ်ခြိုက်ကာ လှိုင်းဂယက် ထကြွခဲ့သည်။ အမျိုးသမီးများ အိမ်ထောင့်တာဝန်နိုင်နင်းစေရန်၊ မိန်းမဟူ၍ စိတ်အားမငယ်တတ်ရန်၊ ကိုယ့်အစွမ်းအစကို ပြရန် လမ်းညွှန်ထားသည်။ အမျိုးသားများသာ မဟုတ်၊ အမျိုးသမီးများသည်လည်း သူ့နည်းနှင့်သူ အကျပ်အတည်းတစ်ခုကို ဣန္ဒြေရရ ကျကျနနကြီး ကျော်နင်းကာ ဂုဏ်ဆည်နိုင်ခဲ့ပုံကို တင်ပြထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်”
‘သူမ’ ဟာ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ အအောင်မြင်ဆုံး စာပေလက်ရာများထဲက တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဂျာနယ်ကျော်မမလေးရဲ့ ဉာဏ်စွမ်းကိုသာမက ထူးချွန်ထက်မြက်သော အမျိုးသမီးတို့၏ စွမ်းဆောင်ရည်များကို ဖော်ပြထားပါတယ်။ အထူးသဖြင့် လှပနုနယ်သော အပျိုရွယ် အမျိုးသမီးလေးတစ်ဦးဖြစ်စေကာမူ အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့အခါ အကျပ်အတည်းကို ကျင်လည်စွာ ကျကျနနကြီး နင်းဖြတ်ဂုဏ်ဆည်ခဲ့တာကို ဖတ်ရှုရပါမယ်။ အမျိုးသမီးတို့ဟာ အမျိုးသားတို့ရဲ့ နောက်မှသာ နေထိုင် အသက်ရှင်ရတယ် ဆိုတဲ့ ရှေးအစဉ်အဆက်က ဖြစ်တည်လာတဲ့ အတွေးအခေါ်ကို သူမ ဝတ္ထုမှာ ဂျာနယ်ကျော်မမလေးက လှလှပပကြီး ချေဖျက်ကာ အတွေးသစ် စိတ်ကူးသစ် အနာဂတ်သစ်တို့ကို ချပြခဲ့ပါတယ်။ ထို့အတွက် သူမဟာ ဂျာနယ်ကျော်မမလေးရဲ့ အစောပိုင်း စာပေလက်ရာများထဲမှ အအောင်မြင်ဆုံး စာအုပ်ဖြစ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ပထမအကြိမ် ထွက်ရှိပြီးနောက် ယနေ့ကာလ နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ အကြိမ်သစ်များ ရိုက်နှိပ် ထုတ်ဝေခဲ့ရကာ စာချစ်သူတို့က တရှိုက်မက်မက် ဖတ်ရှု သိမ်းဆည်းနေကြတဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ သူမစာအုပ် အမှာစာ ရေးသားသည့် ဂျာနယ်ကျော်ဦးချစ်မောင်က “သူ ဝတ္ထုထဲတွင် ပါရှိသည့် ဇာတ်လိုက် ကိုမြင့်မောင်လို ယောက်ျားများများ ပေါ်ထွက်ဖို့ လိုသလို ဤ သူမ ဝတ္ထုတွင် ပါရှိသည့် ဇာတ်လိုက် သက်သက် လို မိန်းကလေးမျိုးလည်း များစွာ ပေါ်ထွက်ဖို့ လိုရကား ကိုမြင့်မောင်များ၊ သက်သက်များ၊ များပြားလာသည့်နေ့တွင် နိုင်ငံတော်ကြီးသည် ထိပ်တန်းရောက်ရှိ၍ ထိုထိပ်တန်းတွင် ကြာရှည်မြဲမြံစွာ တည်တံ့နေနိုင်မည်ဟု မျှော်လင့်ယုံကြည်ရပေသတည်း” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page
 
      ×
      
    
    
  
      ×