• IMG20231203110752
  • IMG20231203110808
  • IMG20231203110927
1

Coffee&Tea /သိုးဆောင်း

ကြယ်ကြွေမြို့တော် (သိုးဆောင်း) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

တစ်ခါတုန်းက....လူဆိုးနဲ့ ဂြိုဟ်ဆိုးတွေ သိပ်ပေါတဲ့

တိုင်းပြည်တစ်ခု...လောကမှာ ရှိခဲ့ဖူးတယ် .....

ဒီမြို့မှာ လူတော်တွေသိပ်ပေါတယ်၊

ဒီမြို့မှာ နက္ခတ်ပညာရှင်တွေ အကျဉ်းချခံရတယ်၊

ဒီမြို့မှာ ရှင်ဘုရင်ကိုယ်တိုင်နန်းစိုက်တယ်၊

ဒီမြို့မှာ ထူးခြားတဲ့တရားစီရင်ရေးရှိတယ်၊

ပြီးတော့ .......

တိုင်းပြည်မှာအတော်ဆုံး ဆေးဆရာဖြစ်ချင်တဲ့လူငယ်တစ်ဦးရောပေါ့ ....

မကြာခင် ....

ခင်ဗျားတို့ အဲ့ဒီမြို့ကိုမြင်ရပါတော့မယ် ..........။

တစ်ဦးလက်တစ်ဦးကိုင်ပြီး လျှောက်ရတဲ့လမ်းလောက်...လောကမှာ မည်သည့်လမ်းတွေ ခမ်းနားပါသလဲ...။

ရာဇဝင်တွေထဲ ၊ ပေပရပိုက်တွေထဲ သို့မဟုတ် အိပ်ရာဝင်ပုံပြင်များစွာကို ပခုံးထမ်းတင်ပေးခဲ့တဲ့ ဒဏ္ဍာရီတွေထဲ ဘယ်လိုမှတ်တမ်းမှတ်ရာမျိုးကိုပဲရှာရှာ.........

ခမ်းနားခြင်းဆိုတာ နှလုံးသားမှာ သန္ဓေတည်ကြောင်း အကျိုးအကြောင်းတွေ ခိုင်လုံနေသ၍ .....

ကျွန်မအတွက်တော့ ယခုလမ်းက အခမ်းနားဆုံးရယ်ပါ.....။

ဖြစ်နိုင်ရင် ဒီလိုလမ်းမျိုး မရပ်တမ်း လျှောက်ဖူးချင်လိုက်တာလေ...။

ကျွန်မ သူ့ကို လက်မလွှတ်ချင်ဘူး...၊ သူ့ လက်ချောင်းလေးတွေနဲ့ ထိတွေ့ထားရတဲ့ အခိုက်အတန့်ဟာ .....

ကျွန်မကို အလင်းပွင့်တွေပေးသနားတဲ့ အခိုက်အတန့်လို့ ခံယူထားမိတယ်...။

နွေးထွေးမှုနဲ့ လုံခြုံမှုတွေ အဲဒီကနေ ကျွန်မခံစားနေရတယ်။

ပြီးတော့ ကျွန်မရင်ထဲကို ရဲဝံ့မှုတွေ အလိုလိုဝင်ရောက်နေတယ်။

ဘယ်လောက်များ တန်ဖိုးကြီးလိုက်ပါသလဲ...။

ဒီအခိုက်အတန့်လေးကို ကျွန်မ အမြဲပဲ သိမ်းထားချင်တယ်။

ကျွန်မအနားကနေ ဘယ်တော့မှ ပျောက်ဆုံးမသွားဖို့လည်း ဆုတောင်းနေမိတယ်...တကယ်ပါ။

ဘယ်တော့မှ ပျောက်ကွယ်မသွားပါစေနဲ့ကွယ်.......။

သိုးဆောင်း 

ကြယ်ကြွေမြို့တော် 

စာမျက်နှာ 200

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။