• IMG20240207171318
  • IMG20240207171332
  • IMG20240207171343
  • IMG20240207171359
1

Books /နိုင်းနိုင်းစနေ

လျှို့ဝှက်ဥယျာဉ်(နိုင်းနိုင်းစနေ) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

Burmese Book

လျှို့ဝှက်ဥယျာဉ်( The secret garden) ဟာ ကလေးစာပေရေးသားသူတွေထဲမှာ နာမည်ကျော်ကြားသူ Frances Hodgson Burnett ရဲ့
ဂန္တ၀င်၀တ္ထုတစ်ပုဒ်ပါ . . .

Burnett ရေးခဲ့တဲ့ ၀တ္ထုတွေထဲမှာမှ အကောင်းဆုံး ကလေးစာ‌ပေအမျိုးအစားထဲပါတဲ့ စာအုပ် အနေနဲ့လည်း လူကြိုက်များကြပြီး လူတိုင်းဖတ်သင့်တဲ့ ကမ္ဘာ့ဂန္တ၀င်၀တ္ထုစာအုပ် (၃၀)ထဲမှာလည်း အပါအ၀င် ဖြစ်ပါတယ် . . .

ဇာတ်လမ်းလေးကတော့ ကလေးတွေကြားက သံယောဇဉ် ၊ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို ဖော်ကျူးထားပါတယ် . . .

မေရီလန်နောစ့် ( Mary Lennox) ဆိုတဲ့ ကောင်မလေးဟာ မိဘ‌တွေ သေဆုံးပြီးနောက် မိဘမဲ့တစ်ဦးအနေနဲ့ သူ့ဦးလေးရှိရာ အင်္ဂလန်ကို အတူနေထိုင်ဖို့ ရောက်ရှိလာပါတယ် . . .

ဦးလေးဖြစ်သူ မစ္စတာခရက်ဗင် နေထိုင်ရာ
ယော့ခ်ရှိုင်း(York Shine) မြက်ခင်းလွင်ပြင်ထဲက
မစ္စယ်သွေ့ (Misselthwaite)စံအိမ်ကို မေရီ ရောက်ရှိလာချိန်မှာပဲ ထူးဆန်းတဲ့ ဆက်နွယ်မှုတချို့ကို ခံစားလာရတယ် . . .

တစ်နေ့မှာ ကလေးသဘာ၀ စူးစမ်းရင်း စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲက ဘယ်သူမှမသိတဲ့ လျှို့ဝှက်ဥယျာဥ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ် . . .

အဲဒီနောက်မှာ ကလေးမလေး မေရီဟာ မစ္စယ်သွေ့စံအိမ်နဲ့ လျှို့ဝှက်ဥယျာဥ်ရဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လျှို့ဝှက်ချက်တွေကို လိုက်လံရှာဖွေပြီး ဥယျာဉ်ကြီးကို အသက်သွင်းဖို့ ကြိုးစားပါတော့တယ် . . .

အဲ့ဒီလို ပြင်ဆင်နေချိန်မှာပဲ သူ ထင်မှတ်မထားတဲ့ ကိစ္စတွေ တဖြည်းဖြည်းပေါ်ပေါက်လာတဲ့အခါမှာတော့ . . . 

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။