• IMG_20231208_173104
  • IMG_20231208_173113
  • IMG_20231208_173128
  • IMG_20231208_173236
1

Books /သက်တန့်မေရီ

မင်းကထူးခြားတယ် (သက်တန့်-မေရီ) Burmese Book

Regular price
RM 20.00
Sale price
RM 20.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကျွန်မ ဒီစာအုပ်ကို  ရေးရတဲ့ အဓိကအကြောင်းရင်းကတော့ စိတ်အားငယ်တတ်သူတွေကို တတ်နိုင်တဲ့ဖက်ကနေ စိတ်ခွန်အားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ကျွန်မကလည်း စိတ်အားငယ်တတ်တဲ့ သူတစ်ယောက်ပါ။ တစ်ခုခုဆို စိတ်ထိခိုက်လွယ်တယ်၊ စိတ်ခံစားလွယ်တယ်။ အရင်တုန်းကဆိုရင် အဆင်မပြေမှုတစ်ခုခုနဲ့ ကြုံရပြီ ဆိုရင် အဲဒီကနေထွက်ပြေးချင်တယ်၊ ပြဿနာတွေနဲ့ ကြုံရမှာကို အကြောက်ဆုံးပဲ။ 

“ကျွန်ုပ်တို့မှာ တကယ်ရှိနေတဲ့ တစ်ခုတည်းသောပြဿနာက ပြဿနာတွေ မရှိသင့်ဘူးလို့ ထင်နေခြင်းပဲ။ ပြဿနာတွေက ကျွနု်ပ်တို့ ကို ပိုမိုမြင့်မားတဲ့ Level (အဆင့်) ကို ခေါ်ဆောင်ပေးသွားနိုင်ပါတယ်။ ၎င်းတို့ကို ယခုပဲ ရင်ဆိုင်ပြီး ဖြေရှင်းလိုက်ပါ!”

အထက်ပါစကားဟာ ကမ္ဘာကျော် Motivation Speaker (စိတ်ခွန်အားမြှင့်တင်ရေးဆရာ) Tony Robbins ပြောတဲ့စကားဖြစ်ပါတယ်။ 

မှန်ပါတယ်။ ပြဿနာတွေ၊ စိန်ခေါ်မှုတွေဟာ ကျွန်မတို့ရဲ့ စိတ်နှလုံးခံနိုင်ရည်ရှိမှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြင့်တက်လာအောင် လာရောက်လေ့ကျင့်ပေးနေတာနဲ့တူပါတယ်။ 

ဒါဆိုရင် ပြဿနာတွေနဲ့ ကြုံလာရချိန်၊ ဘဝရဲ့မနှစ်မြို့ဖွယ်ကိစ္စရပ်တွေနဲ့ ကြုံလာရချိန်မှာဆိုရင် ဘယ်လိုစိတ်ထားနဲ့ ရင်ဆိုင်ဖြေရှင်းရမလဲ?

ဒီစာအုပ်ဟာ သင့်ကို ပြဿနာတွေ ဖြေရှင်းနိုင်မယ့်နည်းလမ်း ပေးမှာတော့မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ သင့်ကိုယ်တွင်းမှာ ရှိနေတဲ့အားအင်ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်အောင်၊ သင်သတိမထားမိတဲ့ သင့်ရဲ့အားသာတဲ့အပိုင်းတွေကို သတိပြုမိလာအောင်၊ ပြဿနာနဲ့ ကြုံလာရပြီဆိုရင် မတူညီတဲ့ရှုထောင့်တစ်ခုကနေ ကြည့်လာနိုင်အောင် လမ်းညွှန်ပေးမယ့်စာအုပ်ဖြစ်ပါတယ်။ 

ကိုယ်ခံအားကောင်းမှ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်သလို စိတ်ခွန်အားရှိမှ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ကတဆင့် သင့်အတွင်းစိတ်မှာ ရှိနေတဲ့ အားအင်တွေကို ပြန်လည်ရှာဖွေရယူပြီး သင်လိုချင်တဲ့ဘဝပုံစံကို ရယူဖန်တီးလိုက်ပါ။

စာအုပ်ကို နားလည်ရလွယ်ကူစေမယ့်ပုံစံနဲ့ ပုံပြင်လေးတွေ၊ ဥပမာလေးတွေနဲ့ ကျစ်ကျစ်လစ်လစ်ရေးသားဖွဲ့စည်းထားပါတယ်။ 

အခန်းပေါင်း (၁၀) ခန်းရှိပြီး စာမျက်နှာပေါင်း ၁၂၀ ရှိပါတယ်။


*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။