• IMG20240314162206
  • IMG20240314162212
  • IMG20240314163611
  • IMG20240314192034
1

Books /Min Khant(Verse)

YOU CAN DO IT မင်းလုပ်နိုင်ပါတယ် (Min Khant - Verse) Burmese Book

Regular price
RM 22.00
Sale price
RM 22.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products
YOU CAN DO IT မင်းလုပ်နိုင်ပါတယ် 
ဒီစာအုပ်က အရှေ့မှာထွက်ရှိခဲ့တဲ့ You Can Change စာအုပ်ရဲ့ အဆက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အကြောင်းအရာတော့ နည်းနည်းလေးကွဲသွားပါတယ်။ 
အရှေ့မှာထွက်ခဲ့တဲ့ မင်းပြောင်းလဲနိုင်ပါတယ် စာအုပ်ဟာဆိုရင် လူငယ်တစ်ယောက်ရဲ့ အချစ်ကြောင့်မှားယွင်းခဲ့တဲ့ဘဝကို ပြန်ပြီးတည်ဆောက်ခဲ့တဲ့ ဝတ္ထုတိုလေးနဲ့ ကိုယ်ယုံကြည်ရာလမ်းကိုစလျှောက်မယ့်လူငယ်တွေအတွက်အဓိကထားပြီးရေးထားတာပဲဖြစ်ပါတယ်။ 
အခု You Can Be (မင်းဖြစ်နိုင်ပါတယ်) ဆိုတဲ့စာအုပ်ကတော့ စိတ်ဓာတ်ကျနေပြီး မွန်းကျပ်မှုတွေနဲ့ပြည့်နေတဲ့လူငယ်တွေ၊ ဘယ်လိုပြန်ပြီး လမ်းစလျှောက်ရမလဲဆိုတာထက် လမ်းကိုတောင်ပျောက်နေတဲ့လူငယ်တွေအတွက်အဓိကထားပြီးရေးဖွဲ့ထားပါတယ်။ 
အောင်မြင်တဲ့အကြောင်း၊ စိတ်ဓာတ်မာကျောတဲ့ အကြောင်းအရာတွေထက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ ကျွန်တော်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတချို့တွေပါဝင်ပါတယ်။ 
အခန်းကို (၂) ခန်းခွဲထားပြီး ပထမအပိုင်းမှာဆိုရင်တော့ အတွေ့အကြုံနဲ့ အတွေးအမြင်စာစုတွေ၊ စကားစုတွေကိုဖတ်ရမှာပဲဖြစ်တယ်။ ဒုတိယအခန်းမှာတော့ ၂၁ ရာစုမှာစိတ်ပျော်ရွှင်ဖို့ ဆိုတဲ့ ခေါင်းစဥ်နဲ့အညီ ၂၁ ရာစုလို့ရှုပ်ထွေးပြီး ပင်ပန်းစရာကောင်းတဲ့ခေတ်ထဲ ရှင်သန်နေထိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ 
တစ်ခုဝန်ခံချင်တာက ဒီစာအုပ်ထဲက နည်းလမ်းတွေအားလုံးက ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားနေဆဲအဆင့်ပဲဖြစ်ပါတယ်။ အလုံးစုံကျွန်တော်ကိုယ်တိုင်လည်းလိုက်မလုပ်နိုင်သေးပါဘူး။ 
အဲ့တော့ ဒီစာအုပ်လေးကိုလည်းနှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်။
စာအုပ်အမည် - မင်းလုပ်နိုင်ပါတယ်(You Can Do It)
စာရေးသူ   - မင်းခန့်(Verse)

စာမျက်နှာ ၁၈၇

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။