• IMG_20230508_225823
  • IMG_20230508_225831
  • IMG_20230508_225854
  • IMG_20230508_225913
1

Books /ဦးအုန်းမြင့်

မော်တော်ယာဉ်အင်ဂျင်များ (ဦးအုန်းမြင့်-ဒီဇယ်)

Regular price
RM 70.00
Sale price
RM 70.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကျွန်တော်သည် စွမ်းအားထုတ်လုပ်သော ]အင်ဂျင်} များနှင့်ပတ်သက်၍ စာအုပ်ပေါင်း (၁၁) အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ယခုစာအုပ်သည် (၁၂) အုပ်မြောက် စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်သည် Automotive Engines (မော်တော်ယာဉ် အင်ဂျင်များ) စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်သည် စင်္ကာပူနိုင်ငံ McGraw-Hill Book Co. စာအုပ်တိုက်မှ စာရေးဆရာ Willian H.Crovse နှင့် Donald L.Anglin တို့ မူရင်း ရေးသားခဲ့ပါသည်။


မော်တော်ယာဉ် အင်ဂျင်များနှင့် ပတ်သက်၍ အင်ဂျင်များနှင့် သက်ဆိုင် သော အခန်းပေါင်း (၃၂) ခန်းဖြင့် မော်တော်ယာဉ်အင်ဂျင် များနှင့် ပတ်သက်သော အကြောင်းအရာပေါင်း (၁၆) ခုကို ပြည့်စုံစွာ ဖော်ပြထားခြင်း ဖြစ်ပါသည်။


ထိုအင်ဂျင်များ၏ informations (သတင်းအချက်အလက်များ) safetys (လုံခြုံရေး)၊ fundamentals (အခြေခံအချက်အလက်များ)၊ controls (ထိန်းချုပ်မှုများ)၊ types and classifications (ပုံစံများနှင့် အမျိုး အစားခွဲခြားမှုများ)၊ constructions (တည်ဆောက်ပုံများ)၊ operations (အလုပ်လုပ်ပုံများ)၊ measurement and performances (တိုင်းတာခြင်းနှင့် စွမ်းဆောင်နိုင်မှုများ) fuels (လောင်စာဆီများ)၊ electronic fuel injection systems (အီလက်ထရောနစ် လောင်စာဆီ ပန်းသွင်းစနစ်များ) sytems (စနစ်များ)၊ electronic ignition systems (အီလက်ထရောနစ် မီးပေးစနစ်များ) diagnosis & services (အပြစ်ရှာဖွေခြင်းနှင့် ပြုပြင်ခြင်းများ)၊ engine test & tune up (အင်ဂျင်စမ်းသပ်ခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း)၊ engine performance & driveability diagnosis (အင်ဂျင်စွမ်းဆောင်ရည်နှင့် မောင်းနှင်မှုစွမ်းရည် အပြစ်ရှာဖွေခြင်းများ)နှင့် engine services (အင်ဂျင်အစိတ်အပိုင်းများ ပြုပြင်မှုများ) စသည်တို့ ပါ၀င်သည်။


ဤစာအုပ်သည် မော်တော်ယာဉ် အင်ဂျင်များ၏ စွယ်စုံကျမ်း (encyclopendia) သဖွယ်လိုအပ်မှု မရှိစေရန် ပြည့်စုံစွာ ဖော်ပြထားခြင်း ဖြစ်သည်။


ထို့ကြောင့် ဤစာအုပ်သည် မော်တော်ယာဉ် ထုတ်လုပ်သူများ၊ မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ် စက်ပြင်ဆရာများ၊ နည်းပညာကျောင်းများမှ နည်းပညာကျောင်းသား/သူများ၊ မဟာ၊ ပါရဂူဘွဲ့ယူ စာတမ်းပြုစုသူများ၊ ဗဟုသုတရှာဖွေလိုသူများ၊ သုတေသနပညာရှင်များ၊ မော်တော်ကားများ နှင့် ပတ်သက်သူများအားလုံးနှင့် စာကြည့်တိုက်များတွင် မဖြစ်မနေရှိရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ်ဖြင့် သန်း (၆၀) ကျော် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတော်အတွက် အကျိုးပြု မည်ဟု ယုံကြည်မိပါသည်။


ဦးအုန်းမြင့်(ဒီဇယ်)

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။