မလေးရှားမှာ ဘဏ်အကောင့်လုပ်ရင် ဘာတွေလိုမလဲ?

မလေးရှားမှာ ဘဏ်အကောင့်လုပ်ရင် ဘာတွေလိုမလဲ?

အလုပ်သမားများအတွက် (WP/EP)

၁။ တရားဝင် ပတ်စပို့ရှိရပါမယ်။ (အနည်းဆုံး ဗီဇာ ၆ လ သက်တမ်းရှိရမည်။)

၂။ ကိုယ်ပါမစ်ထဲမှ အလုပ်ရှင် ကုမ္ပဏီတွင် ယခု မိမိ ဘဏ်အကောင့်ဖွင့်မယ့် ဘဏ်တွင် ကုမ္ပဏီ အကောင့်ရှိပြီးသားဖြစ်ရမည်။ (အလုပ်ရှင်ကို အရင်မေးဖို့လိုသည်။)
(ဥပမာ ကိုယ်အလုပ်လုပ်တဲ့ ကုမ္ပဏီ က မေဘဏ် အကောင့်၇ှိမှ အလုပ်သမားများ မေဘဏ် အကောင့်ဖွင့်လို့ရမည်။ မရှိလျှင် မရပါ။)

၃။ အလုပ်ရှင် ကုမ္ပဏီမှ အကောင့် ဖွင့်မယ့်သူဟာ သူတို့အလုပ်သမား မှန်ကန်ကြောင်းရေးသားထားသည့် ကုမ္ပဏီ Letter Head ,တာဝန်ရှိသူ လက်မှတ်ထိုးပေးထားသည့် တရားဝင် ထောက်ခံစာ တစောင်ပါရှိရမည်။
(ဘဏ်မှ ဖုန်းဆက်မေးပါသည်။ ထောက်ခံစာ စာရွက်ထဲတွင်ပါရှိသည့် ဖုန်းနံပါတ်များ ကို ဆက်လျင် တာဝန်ခံ ဖြေပေးမည့် သူရှိရပါမည်။)

၄။ မိမိအလုပ်လိပ်စာ နှင့် အနီးစပ်ဆုံး မြို့နယ်/ရပ်ကွက် ဘဏ် ခွဲတွင် သွားရောက်၍ အကောင့်ဖွင့်ရပါမည်။

ကျောင်းသားဗီဇာ
---------------
၁။ ကျောင်းသားကဒ်၊ ပတ်စပို့၊ ကျောင်းထောက်ခံစာလိုပါမည်။
၂။ အသက် ၁၈ နှစ် အောက်ဖြစ်လျှင့် မိဘမှ တာဝန်ယူကြောင်း မိဘ ပတ်စပို့ တွဲ၍ တင်ရသည်။
၃။ အပေါ်က အချက်တွေထဲက ၁ နှင့် ၄ အတူတူပင်ဖြစ်သည်။

** ယခုနောက်ပိုင်း မလေးရှားတွင် နိုင်ငံခြားသားများ ဘဏ် အကောင့်ဖွင့်စည်းမျဉ်း စည်းကမ်းတွေ အရမ်း တင်းကျပ်လာပါတယ်။
တရားဝင် ဗီဇာဖြင့် အလုပ်လုပ်သူများကို ဘဏ်အကောင့် မဖြစ်မနေ ပြုလုပ်ထားဖို့ တိုက်တွန်း လိုပါသည်။
အကောင့်ဖွင့်ပြီးသူများ အနေဖြင့်လည်း ATM မှာ အသွင်းအထုတ်လုပ်ရုံမဟုတ်ဘဲ Mobile Banking,Internet Banking များပါ အသုံးပြုနိုင်အောင် ထပ်မံ့လေ့လာစေချင်ပါသည်။

Related products